Skip to main content

ရှမ်းပြည်နယ်ဝန်ကြီးချုပ်`ဝ´ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့နယ် COVID-19 ကော်မတီ၊ မြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တွေ့ဆုံ

တောင်ကြီး  စက်တင်ဘာ   ၂၃

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) `ဝ´ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့နယ် COVID-19ကော်မတီ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့နှင့် ယနေ့နံနက် (၁၀)နာရီခွဲက `ဝ´ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးရုံးခန်းမ၌ တွေ့ဆုံကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် `ဝ´ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပန်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအဲလီရှဲ မှ မဲဆန္ဒရှင်စာရင်းများ၊ မဲရုံများ၊ လုံခြုံရေးကိစ္စရပ်များစသည့် ကြိုတင်ပြင်ဆင် ထားရှိမှုများကို ရှင်းလင်းတင်ပြီး မြို့နယ် Covid-19ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမင်းကျော်သူ မှ Covid-19 ကူးစက်မြန်ရောဂါကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကျန်းမာရေးစစ်ဆေးရေးဂိတ် ဖွင့်လှစ်မှုအခြေအနေ၊ ကျန်းမာရေးအသိ ပညာပေးခြင်းနှင့်စစ်ဆေးမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် ဟိုပန်မြို့နယ် Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ထောက်ပံ့ငွေကျပ်(၁၀)သိန်းနှင့် ကျန်းမာရေးသုံး ပစ္စည်းဖြစ်သည့် mask(၂၅၀၀)ခုပေးအပ်ရာ မြို့နယ်ကိုဗစ်-၁၉ ကော်မတီ ဥက္ကဋ္ဌ ဦးမင်းသူ မှ လက်ခံရယူ ပြီး ဗမာတိုင်းသားလူမျိုးရေးရာဝန် ကြီးဒေါက်တာအောင်သန်းမောင် က COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလ အတွင်း အသက်(၈၀)နှင့်(၈၅)နှစ်အတွင်းရှိ ဘိုး/ဘွား(၆၂)ဦးအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာ ခရိုင်လူမှု ဝန်ထမ်းဦးစီးမှူး ဒေါ်ဖြိုးဖြိုးသက် မှ လက်ခံရယူပြီးနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ထိုမှတစ်ဆင့်  ပြည်နယ်ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများသည် သံလွင်မြစ်ကူး ကွမ်းလုံတံတားနှင့် လျာထား ကွမ်းလုံမြို့ရှောင်လမ်း ဖောက်လု​ပ်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် တံတား စတင်တည်ဆောက် ဆောင်ရွက်နေမှုအား ကြည့်ရှုကာ လိုအပ်သည့်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)