Skip to main content

ဒုတိယဝန်ကြီး ဦးလွင်ဦး ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Pyotr ILYICHEV ကို လက်ခံတွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၂၀

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Pyotr ILYICHEV ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ရှိရင်းစွဲ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။ ထို့နောက် မြန်မာ-ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား  ညွှန်ကြားရေးမှူးချုပ်အဆင့်ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ နှစ်နိုင်ငံအကြား ကုလသမဂ္ဂနှင့် နိုင်ငံတကာမျက်နှာစာ၌ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့ ရုရှားသံရုံးမှ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Mr. Iskander Azizov တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်