ရန်ကုန် နိုဝင်ဘာ ၁၉
ဘရာဇီးလ်နိုင်ငံ၏ (၂၀၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဧည့်ခံပွဲကို ယနေ့ ညနေ ၅ နာရီခွဲတွင် ရန်ကုန်မြို့ ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာရှိ မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်နိုင်ငံ သံအမတ်ကြီး၏နေအိမ်၌ ကျင်းပသည်။
ဧည့်ခံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကုလသမဂ္ဂဆိုင်ရာ ဌာနေကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်နိုင်ငံသံအမတ်ကြီး H.E.Mr.Gustavo Rocha de Menezes နှင့် တာဝန်ရှိသူများက ဒုတိယဝန်ကြီးနှင့် ဧည့်ခံပွဲတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်နိုင်ငံ သံအမတ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ဧည့်ခံပွဲတက်ရောက်လာကြသူများအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
သတင်းစဉ်