Skip to main content

ရှမ်းပြည်နယ်၀န်ကြီးချုပ်‌ ဒေါက်တာလင်းထွဋ်နှင့် သိန္နီမြို့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်‌အ‌ရေး ပေါ်တုံ့ပြန်‌‌ရေးကော်မတီ၀င်များ တွေ့ဆုံပွဲကျင်းပ

သိန္နီ   စက်တင်ဘာ  ၂၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်ခန့် က   ရှမ်းပြည်နယ်၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ဗမာတိုင်းရင်းသားရေးရာ ၀န်ကြီး ဒေါက်တာအောင်သန်းမောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့၀င်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်‌အ‌ ရေးပေါ်တုံ့ပြန်‌‌ရေးကော်မတီ၀င်များနှင့်  တွေ့ဆုံပွဲကျင်းပသည်။

တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ် က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးပျို့မောင် က သိန္နီမြို့နယ်အတွင်းရှိ မဲဆန္ဒရှင် စာရင်းများ ပြည့်စုံ မှန်ကန်မှု ရှိ‌စေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊  မဲရုံလျာထား ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အ‌ရေးပေါ်တုံ့ပြန်‌ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဦး က ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်၍ ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အ‌ရေးပေါ် တုံ့ပြန်ရေးမြို့နယ်အဆင့် လုပ်ငန်းကော်မတီသို့ ထောက်ပံ့ငွေ ကျပ်(၁၀)သိန်းနှင့် mask (၂၅၀၀)ခုတို့ကို ပေးအပ်လှူဒါန်းရာ တာ၀န်ရှိပုဂ္ဂိုလ်များ က လက်ခံရယူခဲ့ကြသည်။

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာတဝှမ်းဖြစ်ပွားနေသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို လိုက်နာကြရန် အားလုံးပူးပေါင်းပြီး ကိုဗစ် -၁၉  ရောဂါ ကာကွယ်ဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

ဖိုးချို(ပြန်/ဆက်)