ရန်ကုန် စက်တင်ဘာ ၂၁
ဧရာဝတီဖောင်ဒေးရှင်းက ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ လိုအပ်ချက်နှင့် ညွှန်ကြားမှု၊ ရန်ကုန် တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ ဒုတိယဥက္ကဋ္ဌပါမောက္ခ ဒေါက်တာ ဇော်ဝေစိုး၏ ကြီးကြပ်မှုတို့ဖြင့် ကိုဗစ်-၁၉ အရေးပေါ်လူနာများကို အနီးကပ် ကြပ်မတ်ကုသပေးနိုင်မည့် Critical Care Unit- ဧရာဝတီစင်တာ ကို သုဝဏ္ဏအားကစားကွင်း၌ တည် ဆောက်လျက်ရှိသည်။
ဧရာဝတီ ဖောင်ဒေးရှင်းက Intensive Care Unit (ICU) ခုတင် ၂၀ နှင့် High Dependency Unit (HDU)၅၅ ခုတင်ပါဝင်သော ကိုဗစ်-၁၉ Critical Care Unit - ဧရာဝတီစင်တာ ကို အမြန်ဆုံး တည်ဆောက်ပေးနေ ခြင်းဖြစ်သည်။ ဧရာဝတီဖောင်ဒေးရှင်း အနေဖြင့် အမျိုးသားဘောလုံး အကယ်ဒမီ(ရန်ကုန်) မြက်ခင်းတုကွင်း တွင်လည်း ကိုဗစ်-၁၉ ရောဂါကုသရေး ဌာန (သုဝဏ္ဏ) ဧရာဝတီစင်တာ တည်ဆောက်ထားပြီး ၄၂၅ ခုတင်နှင့် ကျန်းမာရေးနှင့် စေတနာ့ဝန်ထမ်း ၁၅၀ နေထိုင်ရန် အဆောင်များပါရှိကြောင်း သိရသည်။ ယခု ကိုဗစ်-၁၉ Critical Care Unit - ဧရာဝတီစင်တာ ပြီးစီးပါက စုစုပေါင်း ခုတင် ၅၀၀ ဆံ့ ကုသရေးစင်တာ ဖြစ်လာမည်ဖြစ်ကာ ကျန်းမာရေးနှင့် စေတနာ့ဝန်ထမ်း ၂၅၀ အထိ တိုးမြှင့်ထားရှိနိုင်မည် ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါကုသရေး ဌာန(သုဝဏ္ဏ) ဧရာဝတီစင်တာတွင် ရောဂါ ကုသမှုခံယူနေသည့် ကိုဗစ် လူနာများနှင့် ကျန်းမာရေး ဝန်ထမ်းများ ၏ နေ့စဉ်စားသောက်နေထိုင်ရေးကို ဧရာဝတီဖောင်ဒေးရှင်းက တာဝန်ယူဆောင်ရွက်ပေး လျက်ရှိသည်။
ရဲရင့်ရှိုင်း၊ ဓာတ်ပုံ-ကိုမိုး