Skip to main content

ဒုတိယဝန်ကြီး ဦးမြင့်စိုး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ကျေးလက်လမ်းများဖောက်လုပ်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၂၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ဝဲကျေးရွာသို့ ရောက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်းတူးဖော်နေသည့်ကို ဖြူကန်နှင့် တောရကျောင်းကန်တို့ကို ကြည့်ရှုစစ်ဆေးသည်။

ပေးအပ်လှူဒါန်း

ထို့နောက် ဒေသခံတောင်သူများ၏ ဆီထွက်သီးနှံ မြေပဲစိုက်ခင်းများ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ ကုန်းတန်းကြီး ကျေးရွာအဝင်လမ်း တစ်မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်နေမှု၊ မင်းနန်သူ ကျေးရွာအဝင်လမ်းအရှည် ၂ ဒသမ ၈၅ ဖာလုံ ကတ္တရာခင်းခြင်းလုပ်ငန်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်နေသော မင်းနန်သူကျေးရွာတွင်း လမ်းအရှည်ပေ ၁၆၅၀ ဂျင်းကျောက်ခင်းခြင်းလုပ်ငန်းနှင့် ပေ ၃၀ Slab Culvert နှစ်စင်း တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် အနောက်ဖွားစောကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းသို့ ရောက်ရှိပြီး ဒုတိယမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမ များနှင့် တွေ့ဆုံအမှာအစကားပြောကြားကာ အခြေခံပညာအလယ်တန်းကျောင်းအတွက် လူငယ်စာပေဆိုင်ရာ စာအုပ်စာစောင်များ၊ မဂ္ဂဇင်းစာအုပ်များနှင့် အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ တောင်ဘီ ကျေးရွာ ကျေးရွာတွင်းလမ်းအရှည် ၅ ဒသမ ၂ ဖာလုံ ဂျင်းကျောက်ခင်းခြင်းလုပ်ငန်းနှင့် လမ်းဘေးရေနုတ်မြောင်း တူးဖော် နေမှုကိုလည်းကောင်း၊ မြင်းကပါကျေးရွာရှိ “ရွှေ” ယွန်းစက်မှုလက်မှုနှင့် ကုန်ထုတ်သမဝါယမအသင်း၏ ယွန်းထည်ပစ္စည်းများ ထုတ်လုပ်ရောင်းချနေမှု၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ မိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဆိုင်ကယ်ပြင်သင်တန်းဖွင့်လှစ်နေမှုကိုလည်းကောင်း ကြည့်ရှုကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ် သိန်း ၃၀၀ ကို ထောက်ပံ့ပေးအပ် သည်။

ထို့နောက် နတ်ကြို့အိုင်ကျေးရွာသို့ သွားရောက်ပြီး ကန်မကြီးကန်နှင့် မြောက်စုကန်တူးဖော်နေမှုကိုလည်းကောင်း၊ ကန်ပေါက်အရှေ့ကျေးရွာသို့ သွားရောက်၍ ကန်ကြီးကန်နှင့် ကျင်လိုကန်တူးဖော်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ရေကန်နှစ်ကန် တာဝန်ယူတူးဖော်ပေးခဲ့ပြီး အလှူရှင်များ လှူဒါန်းထားသော ရေကန် ၁၀ ကန်ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့က တူးဖော်ပေးလျက်ရှိရာ စုစုပေါင်းရေကန် ၁၂ ကန် အနက် ရှစ်ကန်ကို ၁၀၀ ရာခိုင်နှုန်း တူးဖော်ပေးပြီးဖြစ်သည်။ ဆောင်ရွက်ဆဲကျန် ရေကန် လေးကန်ကိုလည်း ယခုအောက်တိုဘာလကုန်အပြီး တူးဖော်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်