Skip to main content

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅) နှစ်စီမံကိန်းရေးဆွဲရေးဆိုင်ရာTechnical Core Group အွန်လိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၉
မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ မဟာဗျူဟာ(၅)နှစ်စီမံကိန်း ရေးဆွဲချမှတ်နိုင်ရန် မသန်စွမ်းသူများ အတွက် မဟာဗျူဟာ(၅) နှစ် စီမံကိန်း ရေးဆွဲရေးဆိုင်ရာ Technical Core Group အစည်းအဝေးကို ယမန်နေ့ နံနက်က လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြန်လည် ထူထောင်ရေး ဦးစီးဌာနတွင် အွန်လိုင်းဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ Technical Core Group အဖွဲ့ဝင်များဖြစ်သည့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ UNICEF (မြန်မာ)နှင့် မြန်မာနိုင်ငံမ သန်စွမ်းသူများ အသင်းချုပ်တို့မှ တာဝန်ရှိသူ ၁၂ ဦး ပါဝင် တက်ရောက်ခဲ့ပြီး ပြန်လည်ထူထောင် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက အမှာစကား ပြောကြားသည်။
ထို့နောက် အစည်းအဝေး တက် ရောက်လာကြသူများက မဟာဗျူဟာ (၅)နှစ် စီမံကိန်းရေးဆွဲရာတွင် အခန်း ကဏ္ဍအလိုက် ဦးဆောင်ပါဝင်ဆွေးနွေး ရန် လိုအပ်ချက်များ၊ မဟာဗျူဟာ (၅) နှစ် စီမံကိန်းတွင် ထည့်သွင်းမည့် အကြောင်းအရာနှင့် လုပ်ငန်းများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ဦးစားပေးစီမံချက်များ၊ မူဝါဒများ၊ မဟာဗျူဟာများနှင့် ကိုက်ညီမှုသေချာ စေရေးအတွက် ချိတ်ဆက်ဆောင် ရွက်ရန် လိုအပ်ချက်များ၊ မဟာဗျူဟာ (၅) နှစ် စီမံကိန်းကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်မှု တွင် ဘဏ္ဍာငွေလျာထားမှု၊ ပူးပေါင်း ဆောင်ရွက်မှု ပိုမိုအားကောင်းစေရေး အထူးသဖြင့် မြန်မာနိုင်ငံမသန်စွမ်း သူများအသင်းချုပ်၏ ပူးပေါင်းဆောင် ရွက်မှု အခန်းကဏ္ဍ၊ နည်းပညာပိုင်း ဆိုင်ရာ အားသာချက်၊ အားနည်းချက်၊ မဟာဗျူဟာ (၅)နှစ်စီမံကိန်းရေးဆွဲ ရေးအတွက် ကျင်းပခဲ့သည့် ပထမ အကြိမ် ဆွေးနွေးညှိနှိုင်းပွဲများမှ ရရှိ လာသော ရလဒ်များ၊ မဟာဗျူဟာ စီမံကိန်း (ပထမမူကြမ်း)၊ ရှေ့လုပ်ငန်း စဉ်များ၊ ဒုတိယအကြိမ် အစည်းအဝေး များ မစတင်မီ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန် အချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
မသန်စွမ်းသူများ၏ အခွင့် အရေးများဆိုင်ရာ မဟာဗျူဟာ(၅)နှစ်စီမံကိန်းကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ လအတွင်း အပြီးသတ်ရေးဆွဲချမှတ်နိုင်ရေးအတွက် ဆပ်ကော်မတီအလိုက် ညှိနှိုင်းဆွေးနွေးပွဲတို့ကို ၂၀၂၀ ပြည့် နှစ်၊ ဩဂုတ်လမှ စတင်ကျင်းပလျက် ရှိပြီး စက်တင်ဘာလမှ အောက်တို ဘာလအတွင်း ဆပ်ကော်မတီအလိုက် ဆွေးနွေးပွဲတို့ကို သုံးကြိမ်ခန့် ဆက်လက်ကျင်းပခြင်း၊ Technical Core Group အစည်းအဝေးကို ဆပ်ကော်မတီ ဆွေးနွေးပွဲများမတိုင်မီ ကြိုတင်ခေါ်ယူ၍ အကြိုညှိနှိုင်းမှုများပြုလုပ်ခြင်း၊ ဆပ်ကော်မတီဆွေးနွေး ပွဲများ ပြီးသည့်အခါတိုင်း Technical Core Group အစည်းအဝေးကျင်းပ ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်