Skip to main content

ရုရှားရေတပ် Russian Pacific Fleet မှ ချစ်ကြည်ရေးအဖွဲ့ခေါင်းဆောင်နှင့် စစ်ရေယာဉ်မှူးများအား လက်ခံတွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၂၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် ရုရှားစစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် လိုက်ပါလာသော ရုရှားရေတပ် Russian Pacific Fleet မှ Captain 1st Rank Antsiferov Alexey Vitalievich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် တပ်မတော် (ရေ) မှ စစ်ဦးစီးအရာရှိချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေးနှင့် အဖွဲ့ဝင်များအား ရေတပ်လေ့ကျင့်ရေးဌာနချုပ်၊ အဏ္ဏဝါသီရိရိပ်သာ၌ လာရောက်တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံရေတပ်များအကြား ရေကြောင်းလုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်များဖလှယ်ခြင်း၊ လေ့ကျင့်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံရေတပ်များအကြား အပြန်အလှန်ဆက်ဆံမှုကိစ္စရပ်များ၊ စစ်ရေယာဉ်များချစ်ကြည်ရေးခရီး အပြန်အလှန် လည်ပတ်မှုဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင်းလင်းစွာဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲအပြီးတွင် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။