Skip to main content

မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနတွင် ဥပဒေအသိပညာပေး ဟောပြော

နေပြည်တော် အောက်တိုဘာ ၁၂

မွန်ပြည်နယ်ဥပဒေချုပ်ရုံးနှင့် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့က မော်လမြိုင်မြို့ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၌ ကျင်းပသည်။

ပေးအပ်လှူဒါန်း

ဦးစွာ ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်နှင့် တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတို့နှင့်စပ်လျဉ်း၍ ဥပဒေအသိပညာပေးဟောပြောပို့ချခဲ့ပြီး ပြည်နယ်ဥပဒေချုပ်က မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနရှိ စာကြည့်တိုက်သို့ ဥပဒေစာအုပ်များ ပေးအပ်လှူဒါန်းသည်။

အဆိုပါ ဟောပြောပွဲသို့ မွန်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်နှင့် ဥပဒေအရာရှိများ၊ ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ပြည်နယ်အတွင်းရှိ ငါးလုပ်ငန်းဦးစီးဌာနမှ အရာထမ်းအမှုထမ်း ၄၉ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်