နေပြည်တော် အောက်တိုဘာ ၁၁
ချင်းပြည်နယ် မင်းတပ်မြို့တွင် လူမနေသည့် အိမ်များကို တပ်မတော်က မီးရှို့ဖျက်ဆီးနေခြင်းကြောင့် အိမ်ခြေ ၈၀ နီးပါးပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို တရားမဝင်မီဒီယာများက လုပ်ကြံရေးသား ဝါဒဖြန့်ဝေလျက်ရှိသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မင်းတပ်မြို့ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လူမနေသည့်အိမ်များကို မီးရှို့၍ ဖျက်ဆီးခဲ့သည်ဆိုသည့် သတင်းမှာ သတင်းတု၊ သတင်းမှားများသာဖြစ်ကြောင်း၊ တရားမဝင်ပြည်ဖျက် မီဒီယာများအနေဖြင့် မင်းတပ် မြို့တွင် နေထိုင်နေကြသည့် ပြည်သူ၊ ပြည်သားများ ကြောက်ရွံ့ ထိတ်လန့်စေရန်နှင့် ဒေသခံ ပြည်သူများ ပြန်လည်ဝင်ရောက် နေထိုင်မည်ကို မလိုလားသဖြင့် တမင်သက်သက် လှုံ့ဆော်ဝါဒ ဖြန့်ဝေခြင်းသာဖြစ်ကြောင်း သိရသည်။
သတင်းစဉ်