နေပြည်တော် အောက်တိုဘာ ၁၁
ရေဘေးဒဏ်ခံစားရသော အခြေခံပညာကျောင်းများအတွက် မြန်မာနိင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းက ကျောင်းသုံးပရိဘောဂများနှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန(DMC)၌ ကျင်းပပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လက်ခံရယူ၍ ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းက လှူဒါန်းသည့် ငွေကျပ်သိန်း ၅၀၀ တန်ဖိုးရှိ စာသင်စားပွဲနှင့် ကုလားထိုင်အစုံ ၄၅၀၊ ကျောင်း သုံး ဗလာစာအုပ် ဒါဇင် ၄၇၀ နှင့် ဘောပင် ၂၇၀၀ တို့ကို ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနကျောင်း ၁၆ ကျောင်းသို့ အောက်တိုဘာ ၁၀ ရက်က ကြိုတင်ပေးပို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်