Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် လုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေးပြီး “ကူညီကမ်းဆက် ဂီတလက်ဖြင့်” ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေတေးဂီတဖျော်ဖြေပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

ရန်ကုန် အောက်တိုဘာ ၁၁

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး “ကူညီကမ်းဆက်ဂီတလက်ဖြင့်” ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေတေးဂီတ ဖျော်ဖြေပွဲသို့ တက်ရောက် ကြည့်ရှုအားပေးသည်။

ဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဧည့်ခန်းမ၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလဆန်းတွင် ကျင်းပမည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် အသုံးပြုမည့် လာဘ်ကောင်ရုပ် (Mascot)များအတွက် ကုန်ကျငွေကျပ်သိန်း ၁၅၀ ကို Trusty Pay ကုမ္ပဏီက ပေးအပ်လှူဒါန်းရာ ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးဦးမောင်​မောင်အုန်းကလက်ခံပြီး ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား Studio-1 ၌ ဒါရိုက်တာဩရသ၏ “ဘဝနှင့်အနုပညာ” အစီအစဉ်ရိုက်ကူးနေမှု၊ Studio-2 ၌ Lighting မီးလုံး အသစ်များ တပ်ဆင်ပြီးစီးမှုနှင့် စမ်းသပ်ရိုက်ကူးနေမှု၊ ပါတီစုံအထွေထွေရွေးကောက်ပွဲရွေးကောက်ပွဲကျင်းပရေး လှုံ့ဆော်တေးသီချင်း နှစ်ပုဒ်ဖြစ်သည့် “ဆန္ဒမဲပေးကြပါ” နှင့် “အတူတူမဲသွားပေးကြစို့”သီချင်းများ MTV ရိုက်ကူးနေမှုတို့ကို ကြည့်ရှုအားပေးပြီး ပါဝင်ဆောင်ရွက်သူများအား ဂုဏ်ပြုငွေများ ပေးအပ်သည်။

ယင်းနောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဝင်းအတွင်း ယာယီရုပ်မြင်သံကြားနှင့် အသံလွှင့်ကောင်စီဖွဲ့စည်းပြီး ရုံးခန်းဖွင့်လှစ်အသုံးပြုရန်လျာထားသည့် အဆောက်အဦနှင့် ပြင်ဆင်ထားရှိမှု၊ MRTV နှင့် ပူးပေါင်းဆောင်ရွက်သည့် Borderless Broadcast Co.,Ltd. ရုံးခန်း ငှားရမ်းထားရှိမှုနှင့် ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် Studio – A ၌ ပြုလုပ်သည့် “ချစ်စရာအရွယ်ကစားကြမယ်” ကလေးအစီအစဉ်တွင် ရန်ကင်းမူလတန်းကြို ကျောင်းနှင့်စံပြရင်သွေးမူလတန်း ကြိုကျောင်းတို့မှကလေးများယှဉ်ပြိုင်မှု၊ သင်္ဃန်းကျွန်းမူလတန်း ကြိုကျောင်းနှင့်သာကေတမူလတန်းကြိုကျောင်းတို့မှ ကလေးများယှဉ်ပြိုင်မှု ရိုက်ကူးရေးအစီအစဉ်ကို ကြည့်ရှုအားပေးပြီး ကလေးငယ်များအား အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်သည်။

ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)စီစဉ်မှုဖြင့် ကျင်းပသည့် “ကူညီကမ်းဆက်ဂီတလက်ဖြင့်” ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲ” သို့တက်ရောက် ကြည့်ရှုအားပေးသည်။

အဆိုပါရန်ပုံငွေတေးဂီတဖျော်ဖြေပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ် ကြီးနှင့်အဖွဲ့၊ တရုတ်ယဉ်ကျေးမှုစင်တာ တာဝန်ခံနှင့်အဖွဲ့၊ မြန်မာနိုင်ငံ ရုပ်ရှင်၊ ဂီတ၊ သဘင်အစည်းအရုံးများမှ နာယကများနှင့်ဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တေးချစ်သူပရိသတ်များ ကြည့်ရှု အားပေးကြသည်။

ရန်ပုံငွေတေးဂီတ ဖျော်ဖြေပွဲမစတင်မီ “သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ကျော်လွှား၊ မွန်မြတ်စိတ်ထား၊ တွဲလက်များနှင့် ကူညီထမ်းဆောင်” Video Cilp ကို ပြသသည်။

ထို့နောက် ဥက္ကာဦးသာနှင့် IMMORTAL BAND တို့ ပေါင်းစပ်တီးခတ်ပြီး တေးသံရှင်များ ဖြစ်ကြသည့် ကိုင်ဇာ၊ မျိုးကျော့မြိုင်၊ စည်သူလွင်၊ ဂရေဟမ်၊ ကောင်းဆက်၊ ဇော်ပိုင်၊ ပူစူး၊ နောနော်၊ အောင်လ၊ သာဒီးလူ၊ ဝန၊ အောင်ထက်၊ ဇွဲပြည့်၊ နေမင်းအိမ်၊ Lဆိုင်းဇီ၊ ရတနာမိုင်၊ နီနီခင်ဇော်၊ ပိုပို၊ ဆိုင်းစံ၊ ယွန်းမြတ်သူနှင့် ပန်းရောင်ခြယ်တို့က ဖျော်ဖြေတင်ဆက်ကြသည်။

ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးရန်ပုံငွေ တေးဂီတဖျော်ဖြေပွဲတွင် တက်ရောက်လာကြသည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးနှင့်အဖွဲ့၊ ကိုရီးယားနိုင်ငံ MKCS Co.,Ltd. တို့ အပါအဝင် အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်မြန်မာနိုင်ငံ ဂီတအစည်းအရုံးဥက္ကဋ္ဌတို့က တက်​ရောက်လက်ခံပေးကြသည့်အပြင် Live ထုတ်လွှင့်မှုများကို ကြည့်ရှုကြသည့် မိဘပြည်သူများကလည်း KPay မှတစ်ဆင့်​ပေးပို့ လှူဒါန်းလျက်ရှိကြသည်။

ယင်းရန်ပုံငွေတေးဂီတဖျော်ဖြေပွဲကို MRTV NRC ၊ Farmers Channel ၊ MRTV Application ၊ Radio MRTV ၊ MRTV Telegram၊ 5Plus ချန်နယ်၊ MRTV - 4 ၊ တိုင်းရင်းသားရုပ်သံလိုင်း၊ Hey Play TV ချန်နယ်တို့မှ တိုက်ရိုက်ထုတ်လွှင့်လျက်ရှိပြီး MRTV HD, Channel 7 HD မှလည်းနေ့ချင်း Replay ပြန်လည်ထုတ်လွှင့်မှုအပြင် Fortune HD၊ Channel K၊ YTV နှင့် မဟာ HD ရုပ်သံလိုင်းတို့မှလည်း နောက်ရက်များတွင် ဆက်လက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်