Skip to main content

မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်  (၂၃) ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးသို့ တက်ရောက်

နေပြည်တော် စက်တင်ဘာ ၁၈

(၂၃) ကြိမ်မြောက် အာဆီယံ+ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးကို ယနေ့နံနက် နာရီခွဲတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်၊ စီမံကိန်း၊ ဘဏ္ဍာ ရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့်  မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဒုတိယ ဥက္ကဋ္ဌ ဦးစိုးသိန်း၊ အာဆီယံ+ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ၊ အာရှဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ Mr. Masatsugu Asakawa အာဆီယံ+ မေခရိုစီးပွားရေးသုတေသနရုံး (ASEAN+3 Macroeconomic Research Office -AMRO) မှ ညွှန်ကြားရေးမှူး၊ အာဆီယံအတွင်းရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့(IMF)မှ ဒုတိယဦးဆောင် ညွှန်ကြားရေးမှူးတို့ ပါဝင်တက် ရောက်ကြသည်။

(၂၃) ကြိမ်မြောက် အာဆီယံ+ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးတွင် ဂျပန်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး Mr. Taro Aso ဂျပန်ဗဟိုဘဏ်ဥက္ကဋ္ဌ   Mr. Kuroda Haruhiko ဗီယက်နမ်နိုင်ငံဘဏ္ဍာရေးဝန်ကြီး Mr. Dinh Tien Dung နှင့် ဗီယက်နမ် နိုင်ငံဗဟိုဘဏ် ဥက္ကဋ္ဌ  Mr. Le Minh Hung တို့မှ ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်သည်။

ရှေးဦးစွာ IMF  ADB  နှင့်  AMRO တို့မှ ကမ္ဘာတစ်ဝှမ်းနှင့် ဒေသတွင်းလတ်တလောစီးပွားရေး အခြေအနေနှင့် အလားအလာများ၊ ကိုဗစ်-၁၉ နှင့်စပ်လျဉ်းသည့် စိန်ခေါ်မှုများနှင့် ဆုံးရှုံးနိုင် ခြေများ အပေါ် မူဝါဒဆိုင်ရာ တုံ့ပြန်ချက်များကို တင်ပြခဲ့ကြကာ တင်ပြချက်များနှင့်စပ်လျဉ်း၍ အစည်း အဝေးတက်ရောက်လာကြသူများမှ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး၊ အစည်းအဝေး တက်ရောက် လာကြသည့်  အာဆီယံ+ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများမှ မိမိတို့နိုင်ငံများ အလိုက် ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာသည့် လတ်တလောစီးပွားရေး အခြေအနေနှင့် စီးပွားရေးအပေါ် သက်ရောက်မှုများကို အနည်းဆုံးဖြစ်စေရန်နှင့် လျင်မြန်စွာ ပြန်လည်ဦးမော့နိုင်စေရန်အတွက် ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ တင်ပြကြသည်။

ဆက်လက်၍ အာဆီယံ+ ငွေရေးကြေးရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် () ဇင်းမယ်အစီအစဉ်တွင် နိုင်ငံစုံပါဝင်လာရေး (Chiang Mai Initiative Multilateralization -CMIM) အကောင်အထည်ဖော်မှု၊ () အာဆီယံ+ မေခရိုစီးပွားရေးသုတေသနရုံး (ASEAN +3 Macroeconomic Research Office-AMRO) လုပ်ငန်းတိုးတက်မှုအခြေအနေ၊ () အာရှငွေချေး စာချုပ်ဈေးကွက်အစီအစဉ် (Asian Bond Markets Initiatives -ABMI) အကောင်အထည်ဖော် ဆောင်ရွက်မှု၊ () အာဆီယံ+ ငွေရေးကြေးရေးပူးပေါင်းဆောင်ရွက်မှု (ASEAN+3 Finance Process) အကောင်အထည်ဖော်ဆောင်ရွက်မှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 (သတင်းစဉ်