Skip to main content

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ရာဂိမုန်တိုင်း​ရေဘေးဒဏ်သင့်ပြည်သူများအတွက် အလှူငွေနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားတက်ရောက်

မော်လမြိုင် စက်တင်ဘာ ၂၇

ရာဂိမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးသင့်ပြည်သူများအတွက် မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) အသင်းများမှ အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ မြစေတီပရိယတ္တိစာသင်တိုက်၊ ဓမ္မရုံတော်ကြီး၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ မွန်ပြည်နယ်ကလျာဏယုဝအသင်းဝင်များ၊ အလှူရှင်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် ဝိနယပါဠိပါရဂူ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ သီလတော်မြတ်များ ခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရေဘေးသင့်ပြည်သူများအတွက် ချောင်းဆုံမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ အလှူငွေကျပ်သိန်း (၅၀၀) အားလည်းကောင်း၊ မွန်ပြည်နယ်၊ မြို့နယ်များရှိ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းများမှ အလှူငွေကျပ် သိန်း (၃၀) အားလည်းကောင်း ပေးအပ်လှူဒါန်းခြင်းအပေါ် လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က မွန်ပြည်နယ်၊ မြို့နယ်များရှိ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းများမှလှူဒါန်းသည့် သံဃာ့အသုံးအဆောင်ပစ္စည်းများနှင့် ရေဘေးသင့်ပြည်သူများအတွက် အဝတ်အထည် စားသောက်ကုန်အပါအဝင် ငွေကျပ်သိန်း (၅၅၀) တန်ဖိုးရှိ ပစ္စည်းများအား လွှဲပြောင်းပေးအပ်ခဲ့မှုအပေါ် လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကာ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာယူကြည်ညိုခဲ့ကြပြီး ရေစက်သွန်းချအမျှပေးဝေ၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)