Skip to main content

ဖြူးမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာနေပြည်သူများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်‌ရှောက်ပေး၍ ဆေးဝါးများလှူဒါန်း

ဖြူး စက်တင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ (၁၆) ကုတင်ဆံ့ တိုင်းရင်းဆေးရုံနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ပူးပေါင်၍ ဥတ္တရာရုံကျောင်းတိုက်ရှိ ရေကြီးနစ်မြုပ်ခဲ့သည့်ကျေးရွာများမှ လာရောက်နေထိုင်သူပြည်သူများအား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်ပေးပြီး ဆေးဝါးများလှူဒါန်းပေးခြင်းကို စက်တင်ဘာလ (၂၂) ရက် နေ့လယ်ပိုင်းက အဆိုပါဥတ္တရာရုံကျောင်းတိုက်ဓမ္မာရုံတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဖြူးမြို့နယ်၊ (၁၆) ကုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယဆေးရုံအုပ် ဒေါ်စိုးလက်မီ၊ ဒုတိယတိုင်းရင်းဆေးမှူးများဖြစ်သော ဒေါ်တင်နွယ်ဝင်း၊ ဒေါ်ဇင်မင်းထွန်းနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းအေးတို့က သွေးပေါင်ချိန်တိုင်းတာပေး၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးကာ စကြာမင်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့် ထိရင်လန်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးတို့မှလှူဒါန်းသော ဒဏ်ကြေလိမ်းဆေးများ၊ ကလေးရင်လူးဆေးများ၊ အနာလိမ်းဆေးများ၊ မန်းဆေးများနှင့် ချောင်းဆိုးပျောက်ငုံဆေးပြားများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)