နေပြည်တော် စက်တင်ဘာ ၁၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ Monitoring and Evaluation Framework အတွက် Indicator များ ဖော်ထုတ်ဆွေးနွေးနိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက Virtual Workshop အနေဖြင့် ကျင်းပသည်။
အဆိုပါ Virtual Workshop သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး၊ ဗဟိုစာရင်းအင်း အဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ လူမှုဝန်ထမ်းဦးစီဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ပြန်လည်ထူထောင် ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဦးစီးဌာနများမှ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၊ UNICEF မှ Country Representative နှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၁၉ နှစ်ဆန်းပိုင်း မှစ၍ Monitoring & Evaluation လုပ်ငန်းများအတွက် ဌာနအလိုက် တာဝန်ရှိသူအဆင့်ဆင့်နှင့် တွေ့ဆုံဆွေးနွေးမှုများ၊ အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်မှုအပေါ် အခြေခံ၍ Ministry-Wide Monitoring & Evaluation Roadmap (မူကြမ်း) ပြုစုပြီးဖြစ်ကာ အသေးစိတ်ဆွေးနွေး အတည်ပြုပြီးလျှင် စာအုပ်ထုတ်ဝေနိုင်ရေး ဆောင်ရွက်နေပါကြောင်း၊ ဝန်ကြီးဌာနတစ်ခုလုံး အတွက် ပြုစုထား သည့် M & E Roadmap ထွက်ရှိလာချိန်တွင် အသေးစိတ် Indicators များဖော်ထုတ် ရရှိရန်အတွက်လိုအပ်ပါကြောင်း၊ သို့မှသာ မိမိတို့၏ ရည်မှန်းချက်နှင့် လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်မှုများ ကိုက်ညီဆီလျော်မှုရှိ မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနနှင့် ဦးစီးဌာနများမှ တာဝန်ပေးအပ်ခံရသူများအနေဖြင့် လုပ်ငန်းအလိုက် မည်သည့် Indicators များထားရှိသင့်သည်ကို ညှိနှိုင်းဆွေးနွေးပေးကြရန် ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် လူမှုကာကွယ် စောင့်ရှောက်ရေးလွှမ်းခြုံမှု၊ Early Childhood Care and Development (ECCD) ၊ Maternal and Child Cash Transfer Programme(MCCD) ၊ Social Cash Transfer ၊ ကျားမတန်းတူညီမျှမှု၊ အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာညွှန်းကိန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန အနေဖြင့် သဘာဝဘေးလျော့ပါးရေး၊ သဘာဝဘေး အသိပညာပေးရေး၊ ကြိုတင်သတိပေး စနစ်၊ သဘာဝဘေးနှင့် ပဋိပက္ခကြောင့်သေဆုံးမှု၊ ဒဏ်ရာရမှု၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားမှုဆိုင်ရာ အညွှန်းကိန်းများ၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနအနေဖြင့် မိုင်းအန္တရာယ်အသိပညာပေး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ ကလေးစစ်သားလျော့ချရေး၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ အညွှန်း ကိန်းများအား စုစည်းပြုစု၍ ဗဟိုစာရင်းအင်းအဖွဲ့မှ ဆောင်ရွက်နေသည့် NIF Data စုစည်းမှုအတွက် ပေးပို့လျက်ရှိကြောင်း။
ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် M&E Framework သည် နိုင်ငံတော်မှ ချမှတ် ဆောင်ရွက် နေသည့်မူဝါဒများ၊ လုပ်ဆောင်မှုများဖြစ်သည့် MSDP/ NIF တို့နှင့် လိုက်လျောညီထွေ ဆောင်ရွက်နေသည်ကို သိရှိနားလည်ကြရန် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနများနှင့် ဦးစီးဌာနများ၏ တိုးတက်မှုအနေအထားများအား တိုင်းတာရန်အတွက် အညွှန်းကိန်းများအား စနစ်တကျ နှိုင်းယှဉ်သုံးသပ်နိုင်လျှင် ဦးစီးဌာန(၁)ခုချင်းစီအတွက် လုပ်ငန်းဆောင်ရွက်မှုများ၊ ရည်မှန်းချက်များ ပိုမိုပြည့်ဝအောင်မြင်စွာ ဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးရှိမည်ဖြစ်ပါကြောင်း၊ M&E Framework လက်ရှိအချိန်ထိ ရောက်ရှိစေရန်အတွက် ပူးပေါင်း ဆောင်ရွက်ပေးကြသူများအား ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်အကောင်အထည်ဖော်ရမည့် လုပ်ငန်းများကို ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်ကြရန် မျှော်လင့်ပါကြောင်း၊ ယခု အညွှန်းကိန်း များဖေါ်ထုတ်ရာတွင် ကြုံတွေ့ရနိုင်သည့် အခက်အခဲများအား ပွင့်ပွင့်လင်းလင်း အတွေ့အကြုံများဖလှယ်၍ ဆောင်ရွက် ကြရန် တိုက်တွန်းလိုပါကြောင်း၊ UNICEF မှ ပူးပေါင်းဆောင်ရွက်သူများအားလည်း ကျေးဇူးတင်ရှိပါကြောင်း၊ လက်ရှိ ကိုဗစ်-၁၉ ကာလအတွင်း စိန်ခေါ်မှုနှင့် အခက်အခဲများအား ကျော်လွန်၍ လုပ်ငန်းများအား ထိရောက်စွာ ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြော ကြားခဲ့သည်။
ထို့နောက် UNICEF မှ Country Representative Ms. June Kunugi မှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် Monitoring and Evaluation Roadmap ရေးဆွဲမှုတွင် ပူးပေါင်းဆောင်ရွက်ခွင့်ရရှိတဲ့အတွက် ကျေးဇူးတင်ပါကြောင်း၊ ဆက်လက် ဆောင်ရွက်ရမည် M&E ကိစ္စရပ်များအတွက် ပံ့ပိုးပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် Virtual workshop ကို ဆက်လက်ကျင်းပရာ ဗဟိုစာရင်းအင်းအဖွဲ့၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေး ဦးစီးဌာနတို့မှ Monitoring and Evaluation Framework နှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းပြောကြားသည်။
ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက နိဂုံးချုပ်အနေဖြင့် Monitoring and Evaluation Framework ကို စတင် ဆောင်ရွက်စဉ်ကတည်းကပင် ပြည်ထောင်ဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ ဦးစီးဌာနများကို ပူးပေါင်းဆောင်ရွက်ရန်ညွှန်ကြားခဲ့ပါကြောင်း၊ Indicator များနှင့် ပတ်သက်၍ ရုံးချုပ်မှ တာဝန် ရှိသူများအပြင် တိုင်းဒေသကြီး/ ပြည်နယ်များမှ တာဝန်ရှိသူများ အနေနှင့်လည်း သိရှိရန်လို အပ်ပါကြောင်း၊ သို့မှသာ နိုင်ငံတော်၏ ဦးတည်ချက်/ ရည်မှန်းချက်များနှင့်အညီ ဆောင်ရွက်နေမှုများဖြင့် လိုက်လျော်ညီထွေ ရှိမည်ဖြစ်ကြောင်း၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့၏ လုပ်ငန်းများကို ပြန်လည်ဆန်းစစ်သုံးသပ်နိုင်မှသာ လုပ်ငန်းများ ပိုမိုတိုးတက်အောင် မြင်နိုင်မည်ဖြစ်သည့်အတွက် အရေးကြီးလုပ်ငန်း တစ်ခုပင်ဖြစ်ကြောင်း ပြောကြားသည်။
(သတင်းစဉ်)