မန္တလေး စက်တင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီးတွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး မြစ်ရေ၊ ချောင်းရေများ မြင့်တက်လာပြီး ရေကြီးရေလျှံမှုများကြောင့် မြေနိမ့်ပိုင်း ဧရိယာများနှင့် အနီးရှိရပ်ကွက်များ၊ ကျေးရွာများတွင် ရေများဝင်ရောက်ကာ ရေနစ်မြုပ်နေမှုများဖြစ်ပေါ်ခဲ့ပြီး ရေနစ်မြုပ်နေသည့်နေရာများမှ ပြည်သူများအား ရေဘေးလွတ်ရာနေရာများသို့ရွှေပြောင်းပေးခြင်း၊ ရှာဖွေကူညီကယ်ဆယ်ပေးခြင်း လုပ်ငန်းများကိုဆောင်ရွက်ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက သွားရောက် ကြည့်ရှုကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ဇော်ဂျီမြစ်ရေ၊ ပန်းလောင်မြစ်ရေ၊ စမုံမြစ်ရေများ ရေကြီးရေလျှံမှုများကြောင့် မြေနိမ့်ပိုင်းဧရိယာများနှင့် အနီးရှိ ရပ်ကွက်များ၊ ကျေးရွာများတွင် ရေများဝင် ရောက်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့် နေရာများသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများက လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဒေသအလိုက် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များက စက်လှေများ အသုံးပြု၍ ကူညီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကာ ရေဘေးလွတ်ရာနေများသို့ ရွှေ့ပြောင်းပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)