Skip to main content

ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ Online Meeting ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ Cabinet အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်(၁၀:၃၀)အချိန်က ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ Online Meeting ကျင်းပပြုလုပ်သည်။

 ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ကိုဗစ်-၁၉ ရောဂါ Second Wave ကူးစက်ခံရမှုသည် ရခိုင်ဒေသနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြန်လည်ဝင်ရောက်လာကြသူများပင် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ First Wave ၌ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာကြသူများအား ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးမှ ဝင်/ထွက် ကန့်သတ်မှုများ ဆောင်ရွက်နေပြီဖြစ်ပြီး စက်တင်ဘာလ လဆန်းပိုင်းမှ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ဒေသတို့မှ ပြန်လည်ဝင်ရောက်လာကြသူများကို သက်ဆိုင်ရာမြို့နယ်/ ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် Facility Quarantine ထားရှိရန်လည်း မှာကြားထားပြီးဖြစ်ကြောင်း၊ ပြည်သူတစ်ဦးချင်းမှလည်း ကိုယ်ပိုင်အသိစိတ် ဖြင့် သတင်းပေးပို့ရန်လိုအပ်ကြောင်း၊ အဓိအားဖြင့် ကဝ၊ သနပ်ပင်၊ ဖြူး၊ တောင်ငူ၊ မိုးညို၊ ပဲခူးစသည့် မြို့နယ်များအား အထူးဂရုစိုက်ကြစေလိုကြောင်းနှင့် လိုအပ်ချက်များရှိပါကလည်း တစ်ပါတည်းညှိနှိုင်း ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်ချက် များကိုလည်းကောင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူးက ဗဟိုကော်မတီနှင့် ပြည်ထောင်စုဝန်ကြီးဌာနတို့၏ ညွှန်ကြားချက်များကို လည်းကောင်း၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများမှ ကားဂိတ်များ၊ ဘူတာများနှင့် တိုင်းဒေသကြီး/ပြည်နယ် နယ်စပ်အဝင်ပေါက်များတွင် စစ်ဆေးဆောာင်ရွက်လျက်ရှိသည့် အခြေအနေနှင့် ရခိုင်းဒေသနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပြန်လည်ဝင်ရောက်လာသူများအား Facility Quarantine သီးသန့်ခွဲခြား စောင့်ကြည့်နေမှု အခြေအနေများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး နှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာရန်နိုင်မောင်က Facility Quarantine ထားရှိရာတွင် လိုအပ်မည့် အခြေခံ ကျန်းမာရေးစံနှုန်းနှင့် ကုသရေးဆိုင်ရာများကိုလည်းကောင်း အသီးသီးတင်ပြဆွေးနွေးခဲ့ရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ Online Meeting သို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)