မော်လမြိုင် စက်တင်ဘာ ၁၀
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump အား ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ကုန်သွယ်မှုကဏ္ဍတိုးမြှင့်ရေး၊ နယ်စပ်ကုန်သွယ်မှုအားကောင်းစေရေး၊ စီးပွားရေးလုပ်ငန်းနှင့်ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်လာစေရေး၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများအပါအဝင် ပို့ကုန်၊ သွင်းကုန်ကဏ္ဍအတွက် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ အဆင်ပြေချောမွေ့စေရေး၊ ခရီးသွားကဏ္ဍမြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ထိုင်းနိုင်ငံသံရုံးတို့မှ တာဝန်ရှိသူများတက်ရောက်ကြသည်။
သက်နိုင်(မော်လမြိုင်)