Skip to main content

လုံခြုံရေးတပ်ဖွဲ့ဝင်များက ဩဂုတ်လအတွင်း စစ်ရာဇဝတ်မှုပေါင်း ၃၀၀ ကျော် ကျူးလွန်ခဲ့ပြီး ပြည်သူ ၂၀၁ ဦးကို သတ်ဖြတ်ခဲ့သည်ဟု အခြေအမြစ်မရှိ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် စက်တင်ဘာ ၁၀

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဩဂုတ်လအတွင်း ပြည်သူများအပေါ် စစ်ရာဇဝတ်မှုပေါင်း ၃၀၀ ကျော် ကျူးလွန်ခဲ့ပြီး ပြည်သူ ၂၀၁ ဦးကို သတ်ဖြတ်ခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများမှ မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်မျိုးကို မည်သည့်အခါကမျှလုပ်ဆောင်ခြင်းမရှိကြောင်း၊ နိုင်ငံတစ်ဝန်းအကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ပြည်သူအများထိခိုက်သေကြေပြီး စည်းစိမ်ဥစ္စာများ ဆုံးရှုံးပျက်စီးနေသည်ကိုမျက်ကွယ်ပြု၍ တရားမဝင်ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် ယခုကဲ့သို့ အခြေအမြစ်မရှိသည့် အချက်အလက်များကို လိုရာဆွဲရေးသားခြင်းသာဖြစ်ကြောင်း သိရှိရသည်။