နေပြည်တော် စက်တင်ဘာ ၉
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများဖြစ်ကြသော ဦးခင်မောင်ကြီး၊ ဒေါ်ခင်မေရီ၊ ဒေါ်ပြုံးပြုံးအေးနှင့် ဒေါက်တာကိုကိုနိုင်တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ ရာဇဝတ် အထူးအယူခံမှုအမှတ် ၆/၂၀၂၄ (မန္တလေး)၊ ၇/၂၀၂၄ (မန္တလေး)၊ ၈/၂၀၂၄ (မန္တလေး)၊ ၉/၂၀၂၄ (မန္တလေး)၊ ၁၀/၂၀၂၄ (မန္တလေး)၊ ၁၁/၂၀၂၄ (မန္တလေး)၊ ၁၂/၂၀၂၄ (မန္တလေး) နှင့် တရားမအထူးအယူခံမှုအမှတ် ၃၈/၂၀၂၄ (စစ်ကိုင်း)၊ ၄၇/၂၀၂၄ (ရန်ကုန်) စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၇) မှုနှင့် တရားမအထူးအယူခံမှု (၂) မှုတို့ကို စီရင်ချက်ချမှတ်သည်။
ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၃၆/၂၀၂၄ (မန္တလေး)၊ ၄၃/၂၀၂၄ (ရန်ကုန်)၊ ၄၄/၂၀၂၄ (ရန်ကုန်)၊ ၄၈/၂၀၂၄ (ရန်ကုန်)၊ ၄၉/၂၀၂၄ (မွန်)၊ ၅၁/၂၀၂၄ (ရန်ကုန်) စုစုပေါင်း တရားမအထူးအယူခံမှု (၆) မှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်