မုံရွာ စက်တင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ နေ့လယ် (၂)နာရီက မုံရွာမြို့ စီးပွားရေးတက္ကသိုလ်၊ နန္ဒဝန်ရပ်ကွက် ဝန်ထမ်းအိမ်ရာစခန်း၊ ဒေါနခြံရပ်ကွက်တို့တွင် ဖွင့်လှစ်ထားသော Quarantine Center သို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး Mask များ၊ လက်ဆေးရည်ဗူး Hand Gel များနှင့်PPE ဝတ်စုံများ အပြင် ကလေးငယ်များအတွက် ကာယဉာဏ ဖွံ့ဖြိုးရေး ကစားစရာမျိုးစုံတို့ကို တာဝန်ရှိသူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ သည်။
အလားတူ မြောင်မြို့နယ် မြို့တော်ခန်းမနှင့် မြင်းမူမြို့ တိုင်းရင်းဆေးရုံတွင် ဖွင့်လှစ်ထားရှိသော Quarantine Center များသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး Mask များ၊ လက်ဆေးရည်ဗူး Hand Gel များနှင့်PPE ဝတ်စုံများအပြင် ကလေးငယ်များအတွက် ကာယဉာဏ ဖွံ့ဖြိုးရေး ကစားစရာ မျိုးစုံတို့ကို တာဝန်ရှိသူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသိရသည်။
ထွန်းကိုကို(ယင်းမာပင်)