Skip to main content

ပြောင်းလဲလာသော အလုပ်အကိုင်လောကအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့် ညီလာခံကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၆

ပြောင်းလဲလာသော အလုပ်အကိုင်လောကအတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့် ညီလာခံကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် ဗီယက်နမ်နိုင်ငံ၊ အလုပ်သမား၊ မသန်စွမ်းနှင့်လူမှုရေးဝန်ကြီးဌာနမှ video conference ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံကိုယ်စားပြု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် တာဝန်ရှိသူများ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ် အပါအဝင် အာဆီယံအတွင်းရေး မှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ Senior Labour Officials Meeting (SLOM) Leader များ၊ ASEAN Senior Officials Meeting on Education (SOM-ED) Leader များ၊ ASEAN TVET Council ဥက္ကဌ၊  တရုတ်၊ ကိုရီးယား၊ ဂျပန်စသည့် အာဆီယံ မိတ်ဖက်နိုင်ငံများ၊ ILO၊ UNESCO၊ UNICEF၊ Work Bank စသည့် ဖွံ့ဖြိုးရေးမိတ်ဖက်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေး၌ ဗီယက်နမ် အလုပ်သမား၊ မသန်စွမ်းနှင့် လူမှုရေးဝန်ကြီးဌာနဝန်ကြီး Dao Ngoc Dung က နှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားပြီး အာဆီယံ TVET ကောင်စီဥက္ကဋ္ဌ Dr. Isidro Lapena က အာဆီယံ TVET ကောင်စီကို ဖွဲ့စည်းမှုကိုတင်ပြ၍ အစည်းအဝေးကို လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်များ၏ အခန်းကဏ္ဍ၊ ကိုဗစ် ၁၉ အလွန် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးတွင်  ပုဂ္ဂလိကခေါင်းဆောင်များ၏ အခန်းကဏ္ဍ၊ ၂၁ ရာစု ကျွမ်းကျင်မှု အခြေခံသည့် အနာဂတ် လေ့ကျင့်သင်ကြားရေးစနစ် အဆင်သင့်ဖြစ်စေရန် ဆောင်ရွက်ခြင်း ကဏ္ဍခေါင်းစဉ်များဖြင့် ကျင်းပရာ သက်ဆိုင်ရာကဏ္ဍအလိုက် တက်ရောက်လာကြသည့် အာဆီယံဝန်ကြီးများက ဆွေးနွေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ၂၁ ရာစုကျွမ်းကျင်မှုများအတွက် သင်ကြားခြင်းနှင့် လေ့လာသင်ယူခြင်း ပြောင်းလဲလာသဖြင့် ချဉ်းကပ်မှု ပုံစံသစ်များ လိုအပ်လာခြင်း ကြောင့် မိမိတို့နိုင်ငံ၏ အခြေအနေပေါ်မူတည်၍ ပညာရေးနှင့် လေ့ကျင့်ရေး စနစ်များတွင် ၂၁ ရာစု ကျွမ်းကျင်မှုများ ရှိစေရေး မည်ကဲ့သို့ မြှင့်တင်ဆောင်ရွက်မည်ကို ဆွေးနွေးရာတွင် မိမိတို့ ပညာရေးနှင့် လေ့ကျင့်ရေးစနစ်သည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းအရ အရည်အသွေးမြင့် ရာသက်ပန်ပညာရေးဆိုင်ရာ အခွင့်အလမ်း တန်းတူရရှိရေး မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် ၂၁ ရာစုကျွမ်းကျင်မှုများ မြင့်မားလာမည် ဖြစ်ကြောင်း၊ အခြေခံပညာရေး သင်ရိုးညွှန်းတမ်း အသစ်ရေးဆွဲခြင်းတွင် ၂၁ ရာစု ကျွမ်းကျင်မှု များ၊ soft skills နှင့် တွေးခေါ်ကြံဆမှု အဆင့်မြင့်မားသော ကျွမ်းကျင်မှုများဖြင့် စုပေါင်းထားသော အသိပညာ၊ ကျွမ်းကျင်မှုများနှင့် စိတ်နေသဘောထားများ ပါဝင်သော လုပ်ရည်ကိုင်ရည် များ ရရှိရေး လေ့ကျင့်သင်ကြားပေးမည် ဖြစ်ပါကြောင်း။

ထို့အပြင် ကလေးများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုအဖွဲ့အစည်းအပါအဝင် လုပ်ငန်းခွင်မှ သင်ယူသူများ အားလုံးအတွက် ၂၁ ရာစု TVET ဆိုင်ရာ ဘက်စုံသင်ရိုးညွှန်းတမ်းနှင့် အရည် အသွေး အာမခံမှုရှိပြီး လုပ်သားဈေးကွက် လိုအပ်ချက်နှင့် လိုက်လျောညီထွေရှိသော TVET အစီ အစဉ်များမှတဆင့် ၂၁ ရာစု ကျွမ်းကျင်မှုရရှိရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်း များ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။

အလုပ်သမားရေးရာရှုထောင့်အနေဖြင့် အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု စံရေးဆွဲခြင်းကို စတင်အခြေပြု၍ informal၊ ကာလတိုနှင့် လုပ်ငန်းအခြေ ပြုသင်တန်းများ၊  ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခြင်းနှင့် ကျွမ်းကျင်မှု လက်မှတ်ထုတ်ပေးခြင်းတို့ကို အသိအမှတ် ပြု ပေးလျက်ရှိပါကြောင်း။

အဆိုပါ ဆောင်ရွက်ချက်များသည် လုပ်သားဈေးကွက် လိုအပ်ချက်ပြည့်မီစေရန် အလုပ်ရှင်များ တိုက်ရိုက်ပါဝင် ဆောင်ရွက်မှုနှင့်အတူ ၂၁ ရာစု TVET ဆိုင်ရာ ဘက်စုံသင် ရိုးညွှန်းတမ်းနှင့် အရည်အသွေး အာမခံမှုရှိပြီး လုပ်သားဈေးကွက် လိုအပ်ချက်နှင့် လိုက်လျောညီထွေရှိသော TVET အစီအစဉ်များရရှိရေးအတွက် မရှိမဖြစ်လိုအပ်သော လုပ်ဆောင်ချက်များ ဖြစ်ပါကြောင်း။

TVET စနစ် ပိုမိုအားကောင်းလာစေရန် အလုပ်အကိုင်ရှာဖွေသူများနှင့် အလုပ်ရှင်များအတွက် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးပုံစံအမျိုးမျိုးကို မြန်မာနိုင်ငံ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက်ရေး ပဒေဖြင့် ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း။

ယခုအစည်းအဝေးတွင် HRD Stakeholder များအားလုံး၊ အာဆီယံနိုင်ငံများ၏ လက်ရှိ လူစွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကိုပါဝင် ဆွေးနွေးခဲ့ပြီး အာဆီယံဒေသတွင်း လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို သတ်မှတ်ချက်များနှင့်အညီ အရည်အသွေး မြင့်မားစွာဖြင့် အကောင် အထည် ဖော်နိုင်ရေး ဝိုင်းဝန်းအဖြေရှာနိုင်ခဲ့ပြီး မြန်မာ နိုင်ငံအတွက် HRD အကောင်အထည်ဖော် ဆောင်ရွက်ရန် အကြံဉာဏ်ကောင်းများ ရရှိခဲ့ ပါကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးကို ဗီယက်နမ်နိုင်ငံ အလုပ်သမား၊ မသန်စွမ်းနှင့် လူမှုရေးဝန်ကြီးဌာန၊ ဝန်ကြီး Dao Ngoc Dung က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် HRD Stakeholder များအားလုံးက အာဆီယံနိုင်ငံများ၏ လတ်တလော ဆောင်ရွက်နေသည့် လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ပါဝင်ဆွေးနွေးခဲ့ပြီး အာဆီယံဒေသတွင်း လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အာဆီယံ လမ်းညွှန်ချက်များနှင့်အညီ အရည်အသွေးပြည့်ဝစွာဖြင့် အကောင်အထည်ဖော်နိုင်ရန် ဝိုင်းဝန်းအဖြေရှာနိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုတက်ရေး အကောင် အထည် ဖော်ဆောင်ရွက်ရန် အကြံဉာဏ်ကောင်းများ၊ အတွေ့ကြုံကောင်းများ ရရှိခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)