Skip to main content

ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအတွက် အသုံးပြုရန် ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်း

ပွင့်ဖြူ  စက်တင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် နှာခေါင်းစည်း ၊ ကိုယ်အပူချိန်တိုင်းကိရိယာနှင့် Hand speaker ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ် ဥတ္တခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက် အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။ 
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က လက်ရှိတွင် နိုင်ငံတစ်ဝန်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားသူ ဦးရေ တိုးပွားလာသည့်အတွက် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ ကူးစက်ခံရမှု ကင်းဝေးစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါကြောင်း ၊ ယနေ့ တက်ရောက် လာသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ပြည်သူများ အပြင်သွားလာရာတွင် နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင် သွားလာကြရန် စဥ်ဆက်မပြတ် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက် သွားကြစေလိုကြောင်းနှင့် ယခု ထောက်ပံ့သော ကျန်းမာရေးသုံးပစ္စည်းကို ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အကျိုးရှိရှိ သုံးစွဲလုပ်ကိုင်ကြစေလိုကြောင်း ဆွေးနွေး ပြောကြားသည်။ 
ဆက်လက်၍ မင်းဘူးခရိုင်ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ (ခရိုင်အုပ်ချုပ်ရေးမှူး) ဦးစန်းဌေး က ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးသုံး အထောက်အကူပစ္စည်းများ ထောက်ပံ့လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်နှင့် လှူဒါန်းပစ္စည်းများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ 
ထို့နောက်   မကွေးတိုင်းဒေသကြီး ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင့်ဆန်းနှင့် တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ ထောက်ပံ့ လှူဒါန်းသော နှာခေါင်းစည်း(Mask)အခုရေ ၇၅၀၀ ၊ ကိုယ်အပူချိန်တိုင်းကိရိယာ (၅၆)ခု ၊ Hand speaker (၅၆) ခု တို့ကို ထောက်ပံ့လှူဒါန်းရာ တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက အသီးသီးလက်ခံရယူခဲ့ကြ ကြောင်း သိရသည်။   
ရဲဝင်းနိုင် (ညောင်ဦး )