Skip to main content

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းမိသားစုမှ ပဲခူးဆေးရုံကြီးတွင် ကျန်းမာရေးအကာအကွယ်ဝတ်စုံ ဝယ်ယူရန်အတွက် အလှူငွေလှူဒါန်း

ပဲခူး      စက်တင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများအိမ်ရာအတွင်းရှိ ဝန်ကြီးချုပ်၏နေအိမ် ဧည့်ခန်းမတွင် စက်တင်ဘာ ၁၆ရက် နံနက် ၉နာရီက ဝန်ကြီးချုပ် ဦးဝင်းသိန်းမိသားစုက ပဲခူးဆေးရုံကြီးတွင် ကျန်းမာရေး အကာအကွယ်ဝတ်စုံ (In Section Gowns) ဝယ်ယူရန်အတွက် အလှူငွေ‌ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

လှူဒါန်းမှုပြုလုပ်ရာတွင် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် ဇနီးဒေါ်စန်းစန်းမော်၊ သား မောင်ဆက်ဝင်းမာန်၊ သမီးမယွန်းဟေမာန်မိသားစုတို့က သမီးမယွန်းဟေမာန်၏()နှစ်ပြည့် မွေးနေ့အထိမ်း အမှတ်အဖြစ် ပဲခူးဆေးရုံကြီးတွင် ကျန်းမာရေးအကာအကွယ်ဝတ်စုံ (In Section Gowns)ဝယ်ယူရန် အတွက် အလှူငွေ‌ကျပ် ()သိန်းနှင့် ဆေးရုံဝန်ထမ်းများ၊ ဆေးရုံတက်လူနာများသုံးဆောင်နိုင်ရန်အတွက် ခေါက်ဆွဲ‌ ခြောက်ဖာများအား ပဲခူးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ပဲခူးမြို့ အထွေထွေ ရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်ထံ ပေးအပ်လှူဒါန်းခဲ့ကြောင်းသတင်း ရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)