Skip to main content

၂၀၂၄ ခုနှစ် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

နေပြည်တော် ဩဂုတ် ၂၆

၂၀၂၄ ခုနှစ် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ဖူဆယ်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ဝဏ္ဏသိဒ္ဓိအားကစားကွင်း ဖူဆယ်အားကစားရုံ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် ပြိုင်ပွဲဝင်ကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဖူဆယ်အားကစားပြိုင်ပွဲတွင် ဝန်ကြီးရုံးနှင့် ဦးစီးဌာနလေးခုတို့မှ တာဝန်ထမ်းဆောင်နေသော အမျိုးသားလူငယ်ဝန်ထမ်းများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယခုကဲ့သို့ အားကစားပြိုင်ပွဲများ ကျင်းပဆောင်ရွက်ပေးခြင်းဖြင့် မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များနှင့် အမျိုးသားရေးစရိုက်လက္ခဏာများ ရှင်သန်ထက်မြက်လာစေပြီး တစ်မျိုးသားလုံး၏ ကျန်းမာကြံ့ခိုင်ရေးကို မြင့်မားလာစေမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်အနက် လူမှုရေးဦးတည်ချက်ဖြစ်သော “တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့် အချက်ကို အကောင်အထည်ဖော်ဆောင်ခြင်းဖြစ်ပါကြောင်း။

ယခုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်ဝန်ထမ်းအားကစားသမားများအနေဖြင့် ယှဉ်ပြိုင်ခြင်းသာအဓိကဟူသည့် အားကစားစိတ်ဓာတ်ရှိရန်၊ စည်းကမ်းတကျ ပါဝင်ယှဉ်ပြိုင်ကြရန်နှင့် ဇွဲစိတ်ဓာတ်ကိုအရင်းခံ၍ တရားသောယှဉ်ပြိုင်ခြင်းဖြင့် ပါဝင်ယှဉ်ပြိုင်၍ ကြိုးစားယှဉ်ပြိုင်ကြရန်နှင့် ယခုပြိုင်ပွဲမှတစ်ဆင့် ထူးချွန်ထက်မြက်သည့် အားကစားသမားများကို ပဉ္စမအကြိမ် အမျိုးသားအားကစားပြိုင်ပွဲဝင် ဖူဆယ်အသင်း၌ ရွေးချယ်၍ ဝန်ကြီးဌာန ဂုဏ်ဆောင်အားကစားသမားများ ဖြစ်လာစေရေးကြိုးစားယှဉ်ပြိုင်ကြရန် တိုက်တွန်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အားကစားသမားများကို ရင်းနှီးစွာလိုက်လံနှုတ်ဆက်ကြသည်။

ထို့နောက် ဖူဆယ်အားကစား ပြိုင်ပွဲဖွင့်ပွဲပွဲစဉ်အဖြစ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန(ခ)အသင်းနှင့် လူမှုဖူလုံရေးအဖွဲ့(ခ)အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။

သတင်းစဉ်