ရန်ကုန် သြဂုတ် ၂၂
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ရန်မြို့၌ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ် တရုတ်-အာဆီယံပညာရေး ပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် တရုတ်နိုင်ငံမှ ရန်ကုန်မြို့သို့လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
၂၀၂၄ ခုနှစ် တရုတ်-အာဆီယံပညာရေး ပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်းအနားကို သြဂုတ် ၂၀ ရက်မှ ၂၅ ရက်အထိကျင်းပလျက်ရှိပြီး တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏လက်ရှိပညာရေးတိုးတက်မှုနှင့် အာဆီယံနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး၊ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ပညာရေးအခန်းကဏ္ဍများ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ လာမည့်နှစ်တွင် ကျင်းပမည့် China Asian Education Cooperation Week 2025 တွင် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ MoU ရေးထိုးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်