နေပြည်တော် ဩဂုတ် ၁၉
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi နှင့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏ အကြီးအကဲ Mr. Sajjad Mohammad Sajid တို့ကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာအစိုးရနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများအကြား လက်ရှိပူးပေါင်းဆောင်ရွက်နေမှုများအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်