Skip to main content

ဧရာဝတီတိုင်းဒေသကြီးထွက် ဆန်များကို တနင်္သာရီတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှ သမဝါယမအသင်းများသို့ ဖြန့်ဖြူးရောင်းချ

 

မအူပင် စက်တင်ဘာ ၁၄

ကိုဗစ် - ၁၉ ထိန်းချုပ်ရေးကာလအတွင်း သမဝါယမ၏ No Profit No Loss အစီအစဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်က ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်သမဝါယမဦးစီးဌာနနှင့် ချိတ်ဆက်၍ တောင်ပျံပေါ်ဆန်းမွှေး(ရှယ်)အိတ် ၄၅၀ ကို ဝယ်ယူကာ ထားဝယ်မြို့၌ ဒေသပေါက်ဈေး ဆန်တစ်ပြည်လျှင် ငွေကျပ် ၂၁၀၀ ရှိသော်လည်း ငွေကျပ် ၁၈၀၀ နှုန်းဖြင့် ထားဝယ်မြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ပုလော မြို့နယ်၊ ကျွန်းစုမြို့နယ်နှင့် မြန်မာပြည်အောက်ဖျားစွန်း ကော့သောင်း မြို့နယ်အထိ သမဝါယမ အသင်း အဆင့်ဆင့်သို့ ဈေးနှုန်းမှန်ပစ္စည်းမှန်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်