Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ၊ နှစ်နိုင်ငံမီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

နေပြည်တော် ဩဂုတ် ၉

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E.Mr. Abhay Thakur အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံမီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံအကြား အပြန်အလှန် သတင်းမှန်များထုတ်လွှင့်နိုင်ရေး၊ အိန္ဒိယနိုင်ငံအကူအညီဖြင့် တည်ဆောက်မည့် စာဆိုဗိမာန် အဆောက်အဦကို စက်တင်ဘာလတွင် မင်္ဂလာပန္နက်တင်နိုင်ရေး၊ စီးပွားရေးကဏ္ဍ၊ ခရီးသွားမြှင့်တင်ရေးကဏ္ဍ၊ စာပေနှင့်ယဉ်ကျေးမှုကဏ္ဍများတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးပိုမိုတိုးမြှင့်သွားနိုင်ရေး တို့နှင့်စပ်လျဉ်း၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။

သတင်းစဉ်