Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဇမ္ဗူသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့ရှိ ဆရာဒကာကျောင်းများတွင် မန်ကျည်းပင်၊ တမာပင်များစိုက်ပျိုးခြင်း၊ ဝန်ထမ်းများ သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် သစ်ပင်စိုက်ပျိုးနေမှုများ ကြည့်ရှုအားပေး

နေပြည်တော် ဇူလိုင် ၃၀

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဇမ္ဗူသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့ရှိ ဆရာဒကာကျောင်းများ၌ မန်ကျည်းပင်နှင့်တမာပင်များစိုက်ပျိုးခြင်း၊ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် သစ်ပင်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးသည်။

ကြည့်ရှုအားပေးစဉ် ပြည်ထောင်စုဝန်ကြီးက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ဆရာဒကာကျောင်း ရှစ်ကျောင်းရှိပြီး ဦးစီးဌာနများအနေဖြင့် ရုံးပိတ်ရက်များတွင် မိမိတို့ ဆရာဒကာကျောင်းများ၌ သန့်ရှင်းရေးဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ မိုးရာသီကာလဖြစ်၍ သစ်ပင်စိုက်ပျိုးမှုပါ တစ်ပါတည်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်းသည် အနည်းဆုံးအရိပ်ရရှိမည်ဖြစ်ပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်မည်၊ လေထုညစ်ညမ်းမှု၊ အပူလွန်ကဲမှုကို ကာကွယ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးပြီးသည့် သစ်ပင်များရှင်သန်ကြီးထွားစေရန် ထိန်းသိမ်းစောင့်ရှောက်မှုများ လုပ်ဆောင်သွားရန်လိုကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆရာဒကာကျောင်းဖြစ်သော နေပြည်တော်ဇမ္ဗူသီရိမြို့နယ် မဟာဝိဇိတာရုံ ပရိယတ္တိစာသင် တိုက်၌လည်းကောင်း၊ တစ်ချိန်တည်းတွင် ဒုတိယဝန်ကြီးဦးအေးထွန်းနှင့်တာဝန်ရှိသူများက လယ်ဝေးမြို့အင်တိုင်းသာ ကျောင်း၌လည်းကောင်း၊ ဒုတိယဝန်ကြီးဒေါ်နုမြဇံနှင့် တာဝန်ရှိသူများက ချမ်းမြေ့ရိပ်သာကျောင်း၌လည်းကောင်း မန်ကျည်းပင်နှင့် တမာပင်များစိုက်ပျိုးပေးကြပြီး ဝန်ထမ်းများစုပေါင်းသစ်ပင်စိုက်ပျိုးနေမှုနှင့် သန့်ရှင်းရေးဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်