မန္တလေး ဇူလိုင် ၂၄
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယမန်နေ့က အထက်မြန်မာပြည် ပုံနှိပ်စက်ရုံ (မန္တလေး) ကိုရောက်ရှိပြီး ပုံနှိပ်လုပ်ငန်းများဆောင်ရွက်နေမှု၊ ပုံနှိပ်စက်များ ကြံ့ခိုင်ရေးဆောင်ရွက်မှု၊ ပုံနှိပ်ပြီးစာရွက်စာတမ်းများထားသိုမှုနှင့် ယခုဘဏ္ဍာနှစ်တွင် အသစ်တည်ဆောက်မည့် ဂိုဒေါင်တစ်လုံးဆောက်လုပ်မည့် မြေနေရာကိုကြည့်ရှုကာ လိုအပ်သည်များကို မှာကြားသည်။
ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၇၃ လမ်းပေါ်ရှိ နိုင်ငံတကာအနုပညာ ဗဟိုဌာန (မန္တလေး) အဆောက်အအုံ၏ Steel Structure များ သံချေးမတက်စေရန် ဆေးသုတ်ခြင်းလုပ်ငန်းနှင့် တည်ဆောက်ပြီးစီးသည့်အပိုင်းများ ကြံ့ခိုင်မှုရှိရေး ထိန်းသိမ်းဆောင်ရွက်နေမှု၊ ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရမည့်ကိစ္စများကို ညှိနှိုင်းဆွေးနွေးမှာကြားခဲ့သည်။
သတင်းစဉ်