နေပြည်တော် ဇူလိုင် ၂၃
အမျိုးသမီး ၁၇ ဦးအား ပြည့်တန်ဆာအဖြစ် အဓမ္မခိုင်းစေပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူရန် စီစဉ်ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်နေ သန့်ဇင်မော် (ခ) မာမီနှင့် ဝင်းကျော်သူတို့သည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံ မြို့သစ်(ဆိပ်ကမ်း) မြို့နယ်နေ မ----၊ ၂၇/၂၀၂၃ နှစ်ပါ မိန်းကလေး ၁၇ ဦး ကို သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ (၂၉) ရပ်ကွက် တောင်ထိပ်ပန်းလမ်းရှိ နေအိမ်တွင် ပိတ်လှောင်ထားပြီး ပြည့်တန်ဆာလုပ်ငန်းတွင် အဓမ္မခိုင်းစေကာ ရရှိသည့် ငွေကြေးအကျိုးအမြတ်များအား ခေါင်းပုံဖြတ်ရယူရန် စီစဉ်ခဲ့သဖြင့် သုဝဏ္ဏနယ်မြေရဲစခန်း (ပ)၄၄၈/၂၀၂၃၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့် တရား စွဲတင်ခဲ့သည်။
အဆိုပါ ပြစ်မှုကျူးလွန်သည့်တရားခံ သန့်ဇင်မော် (ခ) မာမီနှင့် ဝင်းကျော်သူတို့နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီ ကျခံစေရန် သင်္ဃန်းကျွန်းခရိုင်တရားရုံးက ဇူလိုင် ၂၂ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်