Skip to main content

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၂၁

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ဇူလိုင် ၁၆ ရက် နံနက်ပိုင်းတွင် ပေါက်ကွဲသံများဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးမြို့နယ်၊ ကြံခင်းကျေးရွာနှင့် ကန်သာကျေးရွာအနီး၌ ရှော့တိုက်ဒုံး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့သည့်နေရာအား တွေ့ရှိရပြီး လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။

ဆက်လက်၍ အဆိုပါဝန်းကျင်ဝန်းကျင်တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေမှုများကို ဆောင်ရွက်ခဲ့ရာ လယ်ဝေးမြို့နယ်၊ အောင်စေတနာကျေးရွာအနီး၌ ရှော့တိုက်ဒုံးပစ်ခတ်ပြီး ပျက်စီးနေသည့် ဒုံးပစ်စင် ၄ ခုနှင့် ပစ်ခတ်ရန်အသင့်တပ်ဆင်ထားသည့် ဒုံးပစ်စင် ၃ ခုတို့အား တွေ့ရှိခဲ့ရသဖြင့် ပစ်ခတ်ခြင်းမရှိသေးသည့် ဒုံးသီးများအား စနစ်တကျ သက်မဲ့ပြုလုပ်ခဲ့နိုင်ပြီး အဆိုပါရှော့တိုက်ဒုံးပစ်ခတ်ခဲ့သည့်နေရာနှင့် အနီးဝန်းကျင်တစ်ဝိုက်အား ပိတ်ဆို့စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်ခဲ့ရာ ရှော့တိုက်ဒုံးပစ်ခတ်ရာတွင် ပါဝင်သူအကြမ်းဖက်သမားနှစ်ဦးဖြစ်သည့် လယ်ဝေးမြို့နယ်၊ သာဝတ္တိ၊ သစ်ကြိမ်းအုပ်စု၊ ဟေမာန်ကျေးရွာနေ ပြည့်ဖြိုးအောင်(ခ)နောက်စေ့နှင့် သက်ခိုင်ထွန်း(ခ)ကိုသက်တို့အား ကနဦးဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်များအရ ဖြစ်စဉ်နှင့်ဆက်စပ်သူ ၁၅ ဦးအား လိုအပ်သော စစ်ဆေးမှုများဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖမ်းဆီးရမိတရားခံများအား တရားဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။