Skip to main content

မြို့နယ်အချို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် ဇူလိုင် ၁၈

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၇ ရက် မွန်းလွဲ ၁ နာရီတွင်ဒက္ခိဏသီရိမြို့နယ်၊ ကျွန်းတက်ပဲ့ကျေးရွာအုပ်စု ဆည်စုကျေးရွာရှိ ဇော်မင်းနိုင် (ခ) ဇော်ခိုင်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၂ ပြား၊ ဘိန်းဖြူ သုည ဒသမ ၀၀၁ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးချက်အရ မွန်းလွဲ ၃ နာရီ တွင် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ချင်တွင်း (၃) လမ်းရှိ ဇင်မင်းဦး (ခ) ကတုံး၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀၊ ဘိန်းဖြူ သုည ဒသမ ၀၀၅ ကီလိုကိုလည်းကောင်း။

ထို့ပြင် ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၄ ရက် နံနက် ၈နာရီတွင် မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု နန့်စီးအောင်ကျေးရွာအနီးတွင် အောင်ထက်ကိုကိုမောင်းနှင်ပြီး နိုင်ထွန်း(ခ)နိုင်နိုင်ထွန်း၊ ခွန်းအောင် (ခ) အောင်ဟိန်းနှင့် သန်းထွန်းလင်းတို့ လိုက်ပါလာသည့် HINO PROFIA ၁၂ ဘီးယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ထိန်းချုပ်ဓာတုပစ္စည်း ဆိုဒီယမ်ဆိုင်ယာနိုက် ကီလို ၅၂၅၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ထိန်းချုပ်ဓာတုပစ္စည်း ဆိုဒီယမ်ဆိုင်ယာနိုက်များသယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် သက်ပိုင်စိုး (ခ) သက်ပိုင်ကို ညနေ ၅ နာရီတွင် မြစ်ကြီးနားမြို့ ၂၁ မိုင် စစ်ဆေးရေးဂိတ်တွင်လည်းကောင်း၊ နန်းဦးနှင့် ထက်လင်းတို့ကို ည ၈ နာရီတွင် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်တွင်လည်းကောင်း။

အလားတူ ယင်းနေ့ ည ၉ နာရီတွင် ကျောက်ဆည်မြို့နယ်၊ သံကျေးရွာအုပ်စု သံကျေးရွာအနီးတွင် နိုင်ဝင်းမောင်းနှင်ပြီး အေးကိုဝင်းလိုက်ပါလာသည့် SAMSUNG ၁၂ ဘီးယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဓာတုပစ္စည်း HYDROGEN PEROXIDE လီတာ ၆၈၀၀ ၊ CAUSTIC SODA ၄၁၂၅ ကီလိုကိုလည်းကောင်း၊ ထို့အတူ ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက် ၃၉ လမ်း၊ ၅၃ x ၅၄ လမ်းကြားရှိ မောင်မောင်ခင်နှင့် ကျင်ရှန်(ခ)အားယုံတို့ တည်းခိုနေထိုင်သည့် ဟိုတယ် အခန်းအမှတ်(၄၁၁)သို့ ဝင်ရောက်ရှာဖွေရာ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ် ၁ ဒသမ ၀၈၅ ကီလို၊ ကက်တမင်း ၅ ဒသမ ၅၅ ကီလို၊ အက်တက်စီဆေးပြား ၁၆၁၅၀၊ Happy Water သုည ဒသမ ၃၁၉ ကီလိုနှင့် မြန်မာငွေကျပ် ၁ ဒသမ ၃ သိန်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်