Skip to main content

၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် အာဇာနည်နေ့အခမ်းအနား MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော် ဇူလိုင် ၁၇

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၉ ရက်နေ့တွင် ရောက်ရှိမည့် (၇၇) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ဇူလိုင် ၁၉ ရက်၊ နံနက် ၈ နာရီတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ ကျင်းပမည်ဖြစ်သည်။

အဆိုပါအခမ်းအနားကျင်းပပုံများကို ဇူလိုင် ၁၉ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်မှစတင်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV – HD ၊ MRTV News ၊ MRTV Parliament ၊ MRTV NRC ၊ MWD – HD ၊ MWD Variety HD ၊ MITV ၊ MOI Website ၊ MRTV Website နှင့် မြန်မာ့အသံရေဒီယို၊ သဇင် FM ၊ Star FM ၊ ပတ္တမြား FM ၊ FM ပုဂံ၊ ပဉ္စဝတီ FM ၊ မန္တလေး FM ၊ ချယ်ရီ FM ၊ ရွှေ FM နှင့် MRTV App: အပါအဝင် Online တို့မှ တိုက်ရိုက် (LIVE) ထုတ်လွှင့်သွားမည်ဖြစ်သည်။

သတင်းစဉ်