Skip to main content

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ဩဝါဒနှင့်အညီ အဋ္ဌကထာကျမ်းစာအုပ် ၅၁ အုပ် ကွန်ပျူတာစာစီမူဖြင့် ဆဋ္ဌမူအတိုင်း ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေး အလှူတော်ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဇူလိုင် ၁၇

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော်ကြီးများ၏ ဩဝါဒနှင့်အညီ အဋ္ဌကထာကျမ်းစာအုပ် ၅၁ အုပ်ကို ကွန်ပျူတာစာစီမူဖြင့် ဆဋ္ဌမူအတိုင်း ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် အလှူတော်ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ရုံးအမှတ် (၃၁) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ရန်ကုန်မြို့ သန်လျင်မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသမဟာထေရ်မြတ်အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ လူမှုရေးဝန်ကြီးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အလှူရှင်များ တက်ရောက်ကြသည်။

ငါးပါးသီလခံယူဆောက်တည်

ဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ပြည်ထောင်စုဝန်ကြီးအမှူးပြုသော ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်အား နာယူကြည်ညိုကြသည်။

ထို့နောက် အခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီး အမှူးပြုသော ဆရာတော်ကြီးများအား ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒက အဋ္ဌကထာကျမ်းစာအုပ်များကို ကွန်ပျူတာစာစီမူဖြင့် ဆဋ္ဌမူအတိုင်း ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေးနှင့်ပတ်သက်၍ သမ္မောဒနီယကထာ လျှောက်ထားမြွက်ကြားသည်။

ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က အဋ္ဌကထာကျမ်းစာအုပ်များ သတ်မှတ်ချိန်အမီ ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် ဆရာတော်ကြီးများ၏ သြဝါဒကိုနာခံပြီး ကွန်ပျူတာကျွမ်းကျင်သူများနှင့် ဝန်ကြီးဌာနမှဝန်ထမ်းများက စေတနာအပြည့်ဖြင့် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အဋ္ဌကထာကျမ်းစာအုပ်ထုတ်ဝေရေးအဖွဲ့ နာယကဆရာတော်ကြီးများ၏ ကျမ်းစာအုပ်များ စိစစ်တည်းဖြတ်ခဲ့ကြမှုများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းလျှောက်ထားတင်ပြသည်။

မြွက်ကြားချီးမြှင့်

ထို့နောက် အခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် ဆရာတော်ကြီးများက ဩဝါဒကထာများ မြွက်ကြားချီးမြှင့်တော်မူကြသည်။

ယင်းနောက် အဋ္ဌကထာကျမ်းစာအုပ် ၅၁ အုပ်ကို ကွန်ပျူတာစာစီမူဖြင့် ဆဋ္ဌမူအတိုင်း ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် အလှူရှင်များဖြစ်ကြသည့် ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တဆေကိန္ဒ၊ ရန်ကုန်မြို့၊ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ပဓာနနာယက (လှရတနာ) ဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ သားသမီးမြေးများမိသားစု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် မိသားစု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် မိသားစု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် မိသားစု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် မိသားစု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် မိသားစု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် မိသားစု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် မိသားစု၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် မိသားစု၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် မိသားစု၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် မိသားစု၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် မိသားစု၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ အလှူရှင်များ၊ ဒုတိယဝန်ကြီးများနှင့် အလှူရှင်များက အလှူတော်ငွေများ ပေးအပ်လှူဒါန်းပြီး ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ဌာနဆိုင်ရာအကြီးအကဲများက ပါဝင်လှူဒါန်းခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ရေစက်သွန်းလောင်းအမျှပေးဝေ

ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါ သေဋ္ဌာဘိဝံသမဟာထေရ်မြတ်ထံမှ အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းလောင်းအမျှပေးဝေခဲ့ကြပြီး “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဋ္ဌကထာကျမ်းစာအုပ် ၅၁ အုပ်ကို ကွန်ပျူတာစာစီမူဖြင့် ဆဋ္ဌမူအတိုင်း ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေး အလှူတော်ငွေလှူဒါန်းပွဲအခမ်းအနားတွင် ဇူလိုင် ၁၆ ရက်အထိ စေတနာရှင်၊ အလှူရှင် ၄၁ ဦးတို့က စုစုပေါင်းလှူဒါန်းငွေမှာ ငွေကျပ် ၁၀၆၉၄၂၄,၀၀၀/- (တစ်သောင်းခြောက်ရာကိုးဆယ့်လေးသိန်း နှစ်သောင်းလေးထောင်တိတိ) ဖြစ်သည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်ကြီး အမှူးပြုသော ဆရာတော်ကြီးများနှင့် အလှူရှင်များက ခင်းကျင်းပြသထားသည့် ပုံနှိပ်ထုတ်ဝေပြီးသော ပါရာဇိကကဏ္ဍ အဋ္ဌကထာ (ပဋ္ဌမောဘာဂေါ) အုပ်ရေ ၁၀၀၀၊ သီလက္ခန္ဓဝဂ္ဂဋ္ဌကထာ အုပ်ရေ ၁၀၀၀၊ ပါစိတျာဒိအဋ္ဌကထာ အုပ်ရေ ၅၀၀ တို့နှင့် ကွန်ပျူတာစာမူဆောင်ရွက်ပြီး ကျမ်းစာအုပ်များနှင့် Pagoda Digital Directory ရှင်းလင်းပြသမှုများကို လေ့လာကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်