Skip to main content

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော် ဇူလိုင် ၁၅

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Abhay Thakur ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး၊ ဘဏ်နှင့်ငွေရေးကြေးရေး၊ နှစ်နိုင်ငံကုန်သွယ်မှုနှင့် စပ်လျဉ်းသည့် ငွေပေးချေမှု၊ ချေးငွေ၊ နည်းပညာအကူအညီပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာသင်တန်းများ ပံ့ပိုးပေးနိုင်မှုကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်