Skip to main content

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် လမ်းသွယ်များ ပိတ်ဆို့၍ ကိုယ်အပူချိန်တိုင်းတာခြင်း လူဝင်လူထွက် စိစစ်ဆောင်ရွက်နေခြင်းကို လာရောက်တွေ့ဆုံအားပေး

လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၂၀)ရပ်ကွက်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးအတွက် လမ်းသွယ်များပိတ်ဆို့၍  ကိုယ်အပူချိန်တိုင်းတာခြင်း၊ လူဝင်၊ လူထွက် စိစစ် ခြင်း ဆောင်ရွက်နေမှုကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လာရောက် တွေ့ဆုံအားပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် အမှတ်(၂၀)ရပ်ကွက် ဗိုလ်တေဇပတ်လမ်း၌ လမ်းသူ လမ်းသားများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ရပ်မိရပ်ဖများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လမ်းသွယ်များ ပိတ်ဆို့၍ လမ်းပိုင်းတစ်ခုစီတွင် အပူချိန်တိုင်းခြင်း၊ လိုက်လံဆော်သြခြင်း၊ လူဝင်၊ လူထွက် စိစစ်ခြင်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လမ်းအလိုက်ဆောင်ရွက်နေမှုများအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် လှိုင်သာယာမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအေးဗိုလ်၊ စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်(၂) ဦးဇော်အောင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့် တာဝန်ရှိသူများက လာရောက်တွေ့ဆုံ အားပေးသွားကြောင်း သိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)