Skip to main content

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် မဘိမ်းမြို့နယ်၊ လဝါကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ် ပြန်လည်တည်ဆောက်ရန်အတွက် အလှူငွေများ ပေးအပ်လှူဒါန်း

မဘိမ်း     စက်တင်ဘာ    ၁၁                 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီခွဲ က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၊ လဝါကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) မီးလောင်ကျွမ်းခဲ့မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းအကျိုးတော်ဆောင်ကော်မတီဝင်များနှင့် တွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လဝါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)အား ကျောင်းဆောင်သစ် ပြန်လည်တည်ဆောက်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အလှူငွေကျပ်သိန်း (၁၀၀၀)၊ ကမ္ဘောဇဘဏ်ကုမ္ပဏီလီမိတက်မှ အလှူငွေကျပ်သိန်း (၂၀၀)နှင့် FOREVER GROUP ကုမ္ပဏီလီမိတက်မှ အလှူငွေကျပ်သိန်း (၁၀၀)တို့ကို တာဝန်ရှိသူများက အသီးသီးပေးအပ်လှူဒါန်းကြရာ လဝါကျေးရွာ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင် မှ လက်ခံရယူခဲ့ကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)