Skip to main content

မြင်းခြံမြို့နယ်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံများကို ဖမ်းဆီးထားကြောင်း မဟုတ်မမှန် ရေးသားဖြန့်ဝေ

နေပြည်တော် ဇူလိုင် ၅

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကျောင်းဖြူကန်ကျေးရွာမှ ဒေသခံပြည်သူ ၁၀၀ ခန့်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားကြောင်းနှင့် တူရင်းဘို့ကျေးရွာမှ နေအိမ် ၁၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိပါသည်။

ဖြစ်စဉ်အမှန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက မြင်းခြံမြို့နယ်၊ တူရင်းဘို့ကျေးရွာ၊ ကျောင်းဖြူကန်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်များတွင် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည်ကို ပြည်သူများ ထင်ယောင်ထင်မှားဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားထားခြင်းသာဖြစ်ပြီး ကျောင်းဖြူကန်ကျေးရွာမှ ဒေသခံပြည်သူများကို ဖမ်းဆီးခြင်းမရှိကြောင်းနှင့် တူရင်းဘို့ကျေးရွာတွင်လည်း မည်သည့်မီးလောင်ပျက်စီးမှု ဖြစ်ပွားခြင်းမရှိကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများသည် နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် ဖြစ်စဉ်ဖြစ်ရပ်များအပေါ် အခြေခံရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် လှုံ့ဆော်ရေးသားဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။