Skip to main content

ချောက်မြို့၌ ဧရာဝတီမြစ်​ရေဝင်​ရောက်​သော အိမ်​​​ထောင်စုများအား ရွှေ့ပြောင်းပေးခြင်း လုပ်ငန်းများဆောင်ရွက်

ချောက် ဇူလိုင် ၅

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ဧရာတီမြစ်ရေဝင်မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ဧရာဝတီမြစ်ကမ်းနံဘေးတစ်လျှောက်ရှိ ရပ်ကွက်များမှရေဝင်အိမ်ထောင်စုများအား ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၇)ရပ်ကွက်၊ ရွာဟောင်းရပ်ရှိ ရေဝင်အိမ်ထောင်စု(၅)စု၊ လူဦးရေ(၂၀)ဦးအား ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်​ပေးခဲ့​​​ကြောင်း သိရသည်။

အဆိုပါရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမိုးဇော်နိုင်ဦးဆောင်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူးဒုတိယရဲမှူးကြီးမျိုးမင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးလွင်၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊​ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများစုပေါင်း၍ အမှတ်(၇)ရပ်ကွက်၊ ရွာဟောင်းရပ်ရှိ မြစ်ရေဝင်ရောက်လျက်ရှိသော အိမ်ခြေ(၅)အိမ်၊ အိမ်ထောင်စု(၅)စု၊ လူဦးရေ(၂၀)ဦးအား ရွာဟောင်းရပ်ရှိ ကုန်တင်ကုန်ချရုံးတွင် ရေ​ဘေး​ရှောင်နိုင်ရေးယာယီ​​​ပြောင်းရွှေ့ ​နေရာချထားပေးခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)