မိုးကောင်း ဇူလိုင် ၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးကောင်းမြို့နယ်တွင် မိုးရွာသွန်းမှုများသောကြောင့် နန့်ရင်းချောင်းရေ (၇၀၃)စင်တီမီတာတွင် ရောက်ရှိနေပြီး နန့်ကောင်းချောင်းရေအမှတ် (၆၆၉)စင်တီမီတာတွင် ရောက်ရှိနေကြောင်း မြို့နယ်မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ ယနေ့နေ့လယ်(၁)နာရီ တိုင်းထွာချက်အရ သိရသည်။
မိုးကောင်းချောင်းရေ စိုးရိမ်ရေအမှတ်မှာ(၆၀၀)စင်တီမီတာဖြစ်ပြီး ယနေ့နေ့လယ်(၁)နာရီ တိုင်းထွာချက်အရ ယခုချိန်ထိ (၁၀၃)စင်တီမီတာ မြင့်တက်လာသဖြင့် ရေပြင်တိုးလျက်ရှိသည်။
အဆိုပါ ရေမျက်နာပြင်တိုးလာသောကြောင့် ချောင်းထိစပ်အနိမ့်ပိုင်းနေရာအချို့တွင် ချောင်းရေဝင်ရောက်လျက်ရှိပြီး ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းများက ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေကြောင်း သိရသည်။
အဆိုပါ ရေးကြီးဖြစ်စဉ်ကြောင့် ရေနှင့်ထမင်းအခက်အခဲရှိသော နေအိမ်များသို့ လူမှုရေးအသင်းများက ထမင်းထုတ်နှင့် ရေသန့်များ လိုက်လံပေးဝေလျက်ရှိကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)