နေပြည်တော် ဇူလိုင် ၃
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် ဇေယျဌာနီ-၂ လမ်းသွယ် လက်ယာဘက်သတ်မှတ်နေရာ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက် စိုက်ပျိုးကြသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သတ်မှတ်နေရာများ၌ ကျွန်းပင်များကို ဦးဆောင်စိုက်ပျိုးပေးကြပြီး အရာထမ်း၊ အမှုထမ်းများ၏ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးကြသည်။
ယနေ့ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်းပင် ၃၀၀ ကို စိုက်ပျိုးခဲ့ကြပြီး ယခင်နှစ် စိုက်ပျိုးခဲ့သည့် ကျွန်းပင် ၂၃၀ မှာလည်း ရှင်သန်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်