Skip to main content

ဘားအံမြို့နယ် ပညာရေးငွေစုငွေချေးသမဝါယမအသင်း (လီမိတက်) နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာစည်းဝေး

ဘားအံ ဇူလိုင် ၂

ကရင်ပြည်နယ် ဘားအံမြို့နယ် ပညာရေး ငွေစုငွေချေး သမဝါယမအသင်း (လီမိတက်) ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဘားအံမြို့ အ.ထ.က(၁) မြသံလွင်ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် သဘာပတိအဖြစ် ပညာရေးငွေစုငွေချေး သမဝါယမအသင်းဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ပြည်နယ်သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက သမဝါယမအသင်းများ ရေရှည်တည်တံ့ခိုင်မြဲရေး၊ သမဝါယမလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် ပြောကြားသည်။ ဆက်လက်ပြီး ဘဏ္ဍာရေးရှင်းတမ်းများ၊ အသင်းသား စာရင်းစစ်အစီရင်ခံစာ၊ နှစ်ချုပ်အစီရင်ခံစာများ ဖတ်ကြားပြီးနောက် လုပ်ငန်းစဉ်များ ချမှတ်ခြင်းနှင့် အတည်ပြုချက်ရယူခြင်းများကို ဆောင်ရွက်သည်။

အစည်းအဝေးသို့ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် တာဝန်ရှိသူများ၊ အသင်းသား ကိုယ်စားလှယ် ၂၁၀ တက်ရောက်ပြီး တက်ရောက်လာသည့် အသင်းသား ကိုယ်စားလှယ်များကို ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်