နေပြည်တော် ဇူလိုင် ၁
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၈ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ရာတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်၏ ဝန်စည်တစ်ခုအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် ရေမွှေးမျိုးစုံ ၄၂ ပုလင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၅၇၄၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇွန် ၂၉ ရက်တွင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မော်လမြိုင်မြို့ လှိုင်ရပ်ကွက်ဝဲကြီးကွေ့ အတ္ထရံမြစ်ကမ်းဘေး အနီး၌ စုပုံထားသော ပီပါ ၉၈ လုံး အတွင်းမှ တရားမဝင် စက်သုံးဆီဟု ယူဆရသော ဓာတ်ဆီဂါလန် ၄၁၃၀ စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၄၅၄၃၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ရေနံနှင့်ရေနံထွက်ပစ္စည်း ဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇွန် ၂၉ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဘုရားကြီးမြို့ ရွှေသံလွင်တိုးဂိတ်အနီး၌ ယာဉ် လေးစီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် ပန်းသီးကီလိုဂရမ် ၁၁၅၀၊ လိမ္မော်သီး ၂၇၂ ကီလိုဂရမ် အပါ အဝင် ကုန်ပစ္စည်း ရှစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၈၆၇၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace လေးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀၀) စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၈၈၆၇၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇွန် ၂၉ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်အောင်ခရိုင် အင်္ဂပူမြို့နယ်၌ တရားမဝင်သစ်ခုတ်ရာတွင် အသုံးပြုသည့် ရွှေ့ပြောင်းလွှဝိုင်းတစ်ခု (သံခုံပါ) နှင့် ဆက်စပ်ပစ္စည်းများ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ဇွန် ၃၀ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်နှင့် ရမ်ပူရပ်ကွက်တို့၌ လိုင်စင်မဲ့ယာဉ်များဖြစ်သည့် Honda Fit နှစ်စီး၊ Toyota Crown နှစ်စီး၊ Honda Airwave တစ်စီး၊ Lexus တစ်စီး၊ Toyota Ipsum တစ်စီး၊ Nissan Note တစ်စီး၊ Land Cruiser တစ်စီးနှင့် Toyota Mark II တစ်စီး (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၉၈၇၀၀၀၀၀)နှင့် လိုင်စင်မဲ့ဆိုင်ကယ်များဖြစ်သည့် Shayan- 125 တစ်စီး၊ Yunde-110 တစ်စီး၊ Coxystar Click တစ်စီးအပါအဝင် ဆိုင်ကယ် ၁၀ စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၇၀၀၀၀၀) စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၁၀၃၄၀၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဇွန် ၂၈ ရက်၊ ၂၉ ရက်နှင့် ၃၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၄ မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၉၄၅၇၄၀၀)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်