Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးစပါးစိုက်ပျိုးရာသီတွင် အစေ့ချကိရိယာများ၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးနိုင်ရေး လယ်ယာသုံးစက်ကိရိယာများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၁

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မိုးစပါးစိုက်ပျိုးရာသီတွင် ကြဲပက်စိုက်ပျိုးခြင်း နည်းစနစ်ပပျောက်ရေး၊ ခေတ်မီစိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးနိုင်ရေး၊ အစေ့ချကိရိယာများ၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးနိုင်ရေးအတွက် စက်မှုလယ်ယာဦးစီးဌာန အမှတ်(၁)အလတ်စားလယ်ယာသုံးစက်ကိရိယာပြင်ဆင်ရေးနှင့် ထုတ်လုပ်ရေးအလုပ်ရုံရှိ လယ်ယာစိုက်ပျိုးရေးစက်ကိရိယာများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ထွန်စက်ဖြင့်တွဲဖက်၍ အခြောက်ထယ်ရေးစပါးအစေ့ချကိရိယာများ၊ စပါးမျိုးဗန်းပြုလုပ်ရန်မြေမှုန့်ကြိတ်နေမှုများနှင့် အလုပ်ရုံအတွင်းရှိ လယ်ယာသုံးစက်ကိရိယာများကို ကြည့်ရှုစစ်ဆေးရာ နေပြည်တော်စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက နေပြည်တော်အတွင်း မိုးစပါးစိုက်ပျိုးရာသီတွင် အခြောက်မျိုးစေ့ချကိရိယာများ၊ လက်ဆွဲကောက်စိုက်စက်၊ ကောက်စိုက်စက်၊ စပါးအစေ့ချကိရိယာများဖြင့် စိုက်ပျိုးမည့် အစီအစဉ်နှင့် စိုက်ဧကများ ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ထားရှိမှုအစီအမံများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်အတွင်း မိုးစပါးစိုက်ဧကများကို စိုက်ပျိုးရာသီတွင် အစေ့ချကိရိယာများ၊ ကောက်စိုက်စက်များဖြင့် ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေး၊ စက်ကိရိယာများ စွမ်းအားပြည့်ဖြင့် လျာထားဧကများ ပြည့်ဝစွာ စိုက်ပျိုးနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန်မှာကြားသည်။

သတင်းစဉ်