Skip to main content

မြန်မာနိုင်ငံတော်ဗဟိုဘဏ် (၇၂)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားနှင့် ထူးချွန်ဝန်ထမ်းများ၊ တက္ကသိုလ်ဝင်တန်းအောင် ဝန်ထမ်းသားသမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း၊ ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ဇူလိုင် ၁

မြန်မာနိုင်ငံတော်ဗဟိုဘဏ် (၇၂)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ထူးချွန်ဝန်ထမ်းများ၊ ၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင်တန်းအောင်ဝန်ထမ်းသားသမီးများအား ဂုဏ်ပြုဆုချီးမြှင့် ခြင်းနှင့် ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက် ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးလှထွန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ(ငြိမ်း)များ၊ ဒုတိယဥက္ကဋ္ဌ(ငြိမ်း)များ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုတိယဥက္ကဋ္ဌများ၊ ဒါရိုက်တာအဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား‌ရေးမှူးချုပ်များ၊ ဝန်ထမ်းဟောင်းများ၊ ပုဂ္ဂလိကဘဏ်များနှင့် နိုင်ငံခြားဘဏ်များ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အရာထမ်း၊ အမှုထမ်းများနှင့် ဆုရကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဂုဏ်ပြုနှုတ်ခွန်းဆက်စကားပြော

အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (ငြိမ်း)ဦးလှထွန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ (ငြိမ်း) ဦးကြည်အေးနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့က ဂုဏ်ပြုနှုတ်ခွန်းဆက်စကားပြောကြားကြသည်။

ထို့ပြင် (၇၂) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ် ဝန်ထမ်းသားသမီးများ၏ ပညာသင်ထောက်ပံ့ကြေးငွေများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဝန်ထမ်းဟောင်းများအသင်းသို့ ထောက်ပံ့လှူဒါန်းငွေများကို တာဝန်ရှိသူများထံပေးအပ်ပြီး တာဝန်ရှိသူများက ထူးချွန်ဝန်ထမ်းများနှင့် အခမ်းအနားဖြစ်မြောက်ရေးအတွက် ကူညီခဲ့ကြသူများကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်