Skip to main content

မြစ်ရေဝင်ရောက်မှုဖြစ်ပေါ်လျက်ရှိသည့် မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်၊ ရေကြည်ကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား ရေဘေးကင်းလွတ်ရာသို့ ကူညီရွှေ့ပြောင်း

နေပြည်တော် ဇွန် ၃၀

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကြီးနားမြို့ပမ္မတီးရပ်ကွက်၊ ရေကြည်ကျေးရွာအတွင်းသို့ ယနေ့နံနက်ပိုင်းက ရေများခြောက်ပေခန့်ဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည့်နေရာများသို့ ယနေ့တွင် နယ်မြေခံတပ်မတော်သားများကသွားရောက်၍ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၁၅၀ ခန့်၊ လူဦးရေ ၃၈၀ ခန့်တို့အား ရေဘေးကင်းလွတ်ရာ အမှတ် (၄) အခြေခံပညာအထက် တန်းကျောင်းသို့ ကူညီရွှေ့ပြောင်းပေးပြီး လိုအပ်သည့်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်