နေပြည်တော် ဇွန် ၂၉
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကိုယ်တိုင်ပါဝင်ထမ်းဆောင်နိုင်ရေးအတွက် မိမိသဘောဆန္ဒအလျောက် စာရင်းပေးသွင်းပြီး သင်တန်းတက်ရောက်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁) သင်တန်းဆင်းပွဲအခမ်းအနားများကို ဇွန် ၂၈ ရက် နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံသင်တန်းကျောင်းများအသီးသီးတွင် ကျင်းပပြုလုပ်သည်။
ထို့နောက် ညပိုင်းတွင် သင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဂုဏ်ပြုညစာစားပွဲများတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ မြဝတီတေးဂီတအဖွဲ့နှင့် ပြည်သူ့ဆက်ဆံရေးအဖွဲ့များက နေပြည်တော် ကောင်စီနယ်မြေ အတွင်းရှိ သင်တန်းကျောင်း၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သင်တန်းကျောင်းများ၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သင်တန်းကျောင်းများ၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ သင်တန်းကျောင်း၌ လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ သင်တန်းကျောင်း၌ လည်းကောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ သင်တန်းကျောင်းများ၌ လည်းကောင်း အသီးသီး သွားရောက်ဂုဏ်ပြု သီဆိုဖျော်ဖြေခဲ့ကြရာ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများက စိတ်လက်ပျော်ရွှင် ကြည်နူးချမ်းမြေ့စွာဖြင့် ကြည့်ရှုအားပေး၍ လွတ်လပ်ပေါ့ပါးစွာဖြင့် အတူတကွ ပါဝင်သီဆိုခဲ့ကြကြောင်း သတင်းရရှိသည်။